Friday 13 July 2012

ခေတ်သစ်စူဇကာ

                                                    ခေတ်သစ် စူဇကာ
          သုံးလောကထွဋ်တင် ဘုရားရှင် မဖြစ်ခင်က ဝေသန္တရာ ဇာတ်ရုပ်နဲ့ အလှူ့ဒကာလုပ်ခဲ့တယ်..။
ဒါနအထုပ် စူနာမီ လုပ်လို့ပေါ့။ သမီး နဲ့ သားအလှူခံသွားတဲ့ စူဇကာပုဏ်ဏား ။ လှူသမျှ အကုန်ယူ ကျွေးသမျှ အကုန် ဝါး ပုဏ်ဏားဟေ့...ပုဏ်ဏား လို့ ပြောရ အောချရလောက်တယ်။ ပုဏ်ဏားမျိုးနွယ် သိလွယ်မြင်လွယ်စေဖို့ သူတို့ဘာသာ ဒီဇိုင်းထုတ် ယူနီဖောင်းချုပ်ခဲ့ကြတယ်။
           ပေလွှာပေရွက် မှ ကျောက်သင်ပုန်း ..ခုခေတ် ကွန်ပြူတာ အင်တာနက်တွေသုံးနေကြပြီ...။
ထွေလီကာလီစုံကာစီတဲ့ ခေတ်၊စနစ်(ကောင်းမကောင်းတော့မသိ)တွေရဲ့ကြားထဲ ပုဏ်ဏားတွေရဲ့ ယူနီဖောင်း ရောင်စုံတွေပြောင်းကုန်ကြရောပေါ့..။
            အစားနဲ့ မယားလောက် ပဲ မက်တဲ့ စူဇကာတို့ လောဘတွေတက်ကုန်လောက်ရောပေါ့။ အလှူ့ဒကာမြင်တိုင်း လက်ညှိုးနဲ့ လက်မလေးတွေလည်း ဝိုင်းပြတတ်နေရောပေါ့။(ဟိုကြော်ငြာထဲကလို ဘာလဲမသိ)။ လောဘမောဟတွေကင်းရှင်း မျက်နှာထားတင်းတင်းနဲ့ “အေးထားခဲ့” လို့လည်း ချိုချိုသာသာလေး ပြောတတ်နေလောက်ပြီပေါ့။ဂိုတောင်တွေဘာတွေဆောက် ရသလောက်ကလေးနဲ့လည်းတင်းတိမ်ကျေနပ် နေတတ်လောက်ရောပေါ့။လူမြင်ကွင်းထဲ သီလမြဲ   ကျောင်းဆောက်ဘုရားတည် အလှူ့ဒကာရယ်လို့ ဆိုင်းဘုတ်ကြီး ဟီး နေရောပေါ့။
အရင်တုန်းက အဝတ်မရှိတဲ့ ပခုံးထက် ခုတော့...အပွင့်အခက် ( အဲ..ယောင်လို့) အဝတ်မရှိတဲ့ ပခုံး ယောဂီ တဘက်လေးတွေ ဖုံးလို့ပေါ့။ပါမစ်မျိုးစုံ အလှူပေးတဲ့ စိန်သူဋ္ဌေး လေးတွေ အိမ်သေးသေးလေးတွေလည်း ပြည့်နေရောပေါ့။
ဘုန်းကြီးတွေအနား နံပါတ်တုတ်နဲ့ မသွားပဲ ဖောင်း(foul) ဖောင်း(foul) လေးတွေချထား ၊လက်အုပ်ချီ ရှိခိုး အသိတရားတွေလည်း တိုးရောပေါ့။
ပုဏ်ဏားသေးသေး စူဇကာလေးတွေကလည်း ကျူရှင်တွေဘာတွေ ပေးနေရောပေါ့ (လျှာပေါ်မြက်ပေါက် ငတ်မှာကြောက်တာကိုး)။လူမမာရင်ဘတ် နားကြပ်နဲ့ ကပ်ပြီး ဧည့်ခန်းက စားပွဲပြင် စာအိတ်လေး တွေလည်း တင်လို့ပေါ့။သစ္စာကတိ ဖောက်သည်တွေနဲ့ ညှိပြီး အမှုဂဏန်း အတွက် အဖမ်း ထွက်နေကြရောပေါ့။ဟိုခြစ်ဒီခြစ်နဲ့ ဘောပင်တစ်ချောင်း ထောင်သောင်းနဲ့ ရောင်းနေရောပေါ့။ ပုဒ်ထီးပုဒ်မ စာအုပ်ထဲက မရမကချပြီး ပုံးနဲ့ လူကိုလွှတ်  ပုလင်းနဲ့ လူကိုဖမ်း ခေါင်းပေါင်းစလေးတွေရမ်းနေတတ်ရောပေါ့။ဘမျိုးဘိုးတူ နှုတ်ခမ်းမွှေး ထူတဲ့လူတွေ အဝင်အထွက် ပုံး နဲ့ ပက်ခဲ့တာကြောင့် ရိုဟင်ဇာတ်လမ်း ခပ်ကြမ်းကြမ်းလေးတွေလည်း ရေးတတ်နေရောပေါ့။တောင်ထဲကကျောက် ၊ပင်လယ်ထဲက အငွေ့ ဒေါ်လာစေ့ နဲ့လဲစားတတ်တဲ့ ပညာတွေရေရေလည်လည်တတ်နေရောပေါ့။
အသိမကြွယ် သေးတဲ့ မိငယ်ရေ အတွေးနယ်ထဲက ထွက်ခဲ့ပါတော့။
စူဇကာလက်သစ်တွအတွက် ဗလာကျည်နဲ့ စစ်ကြေညာနေတာ..သူတို့ရီချင်ရီကြပါစေတော့။
လူတိုင်းသိတဲ့ ဇာတ်ထုတ် သွားမရှုတ်နဲ့ ဖမ်းချုပ်ခံနေရမယ်။
ခု....ဒီမိုကရေစီ ရနေပါပြီ......ဟ။

1 comment:

  1. ပျောက်နေတာ အတော်ကြာ...... နေကောင်းကျန်းမာ ....??
    အလုပ်ရှုပ်နေလား

    ReplyDelete