Thursday 13 December 2012

တူတယ်ထင်လို့

"တူတယ်ထင်လို့"

လက်နှစ်ဖက်ကိုထောက်
ဒူးခေါင်း ခေါက်ပြီး...
ဆောင့်ကြောင့်တော့..
ထိုင်တတ်ပါရဲ့...။
တခါတလေ...(ကိုယ့်ကိုကိုယ်)
ခြင်္သေ့လို့ ထင်
စိတ်ကြီးဝင်မိ..။

အားငယ်တဲ့
ဖားသူငယ် က
ခြင်္သေ့ကိုအားကျ
အော်ပြလိုက်တာများ
(ညံလို့)
ကွပ်...ကွပ်..တဲ့။

အရိပ်

"အရိပ်"

ဟိုး....တချိန်က
မျက်ဝန်းတောက်တောက်
အကြည့်တစ်ချက်အောက်မှာ
ငါ့ခံစားမှုတွေ
အရည်ပျော်ကြ ၊ နှလုံးသားတစ်ခု
ကြွေကျခဲ့ဖူးတယ်...။
သွက်လက်လွန်းတဲ့
စကားလုံးဆန်းဆန်းတွေနဲ့

စစ်ထိုး...
ငါ....
အဖြစ်ဆိုးတွေကြုံခဲ့ဖူးတယ်..။
ခု....
လမ်းတစ်ခုမှာကြုံ
ပြန်ဆုံဖြစ်တယ်...။
ခြောက်သွေ့နေတဲ့
မျက်ဝန်းတစ်စုံနဲ့
ငါ့ကို...
လမ်းကြုံလို့..နှုတ်ဆက်တယ်...။
"ငါ...အိုစာသွားပြီနော်"...တဲ့။

အိပ်မက်

"အိပ်မက်"

စည်းတွေကခြား..

(ကြားမှာလည်း)

အစီးအတားတွေ..နဲ့။

လျှောက်လက်စလမ်း..

ကျမ်း..ထုပ်ကြီးလည်း..

ထမ်းလို့...။

တာဝန်နဲ့..ကျင့်ဝတ်တွေရဲ့ ..

ကြား....။

ငါ..

လမ်းတွေလည်း..မှားလို့..။

စိတ်ရဲ့..ထွက်ပေါက်ကနေ..

မရဲတရဲ...လျှောက်..

မင်းရှေ့ကို..ဘယ်လို..ရောက်သွားတာလဲ..။

(ငါ့မှာ)

ဂေါက်တောက်တောက်ကို..ဖြစ်လို့..

အထိန်းအကွပ်မဲ့နေတဲ့...နှလုံးသား..

ငါ့..ဦးနှောက်တွေလည်း...ဖျား...လို့..။

အချစ်တု..နဲ့

အပြစ်တစ်ခု...ကျူးလွန်မိတော့မလို့..။

(ဟူး....တော်ပါသေးရဲ့)

အချိန်မီလန့် နိုး..

အိပ်မက်ဆိုး..က

ထ..အထိုင်..

ငါ...

ဂယိမ်းဂယိုင်..ကို..ဖြစ်လို့..။

သားပြန်တော့လေ

သား.......ပြန်တော့လေ

အိပ်ပျော်နေတဲ့...အမေ့ရဲ့အနား
(သား) တိတ်တိတ်လေး သွားခဲ့တယ်..။
အိပ်ရာခင်းထက်
ပက်လက်ကလေး..အိပ်ပျော်နေတဲ့ အမေ..
မနိုးစေဖို့ အရေး..
ခြေသံဖွဖွလေးနဲ့ပေါ့..။

မတွေ့ရတာ..ကြာနေတဲ့
အမေ့မျက်နှာလေး...
(သား)ငေး ကြည့်မိတယ်..။
ဇရာရဲ့ အရိပ်
အရေးအကြောင်း စိပ်စိပ် က..
နဖူး နဲ့ ပါးပြင်မှာ..
အတိုင်းသား မြင်နေရပြီ..။

(အရင်တုန်းက)
အနက်ရောင် ဆံပင် ထူထူ..က
(ခုတော့) ကျဲကျဲ ဖြူဖြူလေး..ဖြစ်လို့ပါလား...။
တင်းရင်းစို ပြေခဲ့တဲ့ ..အသားရေ
လျော့ တွဲတွဲ ဖြစ်လို့ပါလား..။
(သား ) ကို ချီပိုးခဲ့တဲ့..
အမေ့ရဲ့ လက်မောင်းအိုးလေး..
ရင်ထဲမချိ လို့..သွား..ကိုင်ကြည့်မိတယ်...

တွန့်ခနဲ..နိုးသွားတဲ့ အမေ..။
သားကြီး ပြန်ရောက်နေပြီလား..တဲ့.။
ဝမ်းသာအားရ..လူးလဲထ ပြီး..
ဝမ်းနည်းတဲ့ ဟန်နဲ့ အမေရဲ့ ပြောသံ က..
သားရယ်..ခဏခဏ ပြန်လာခဲ့ပါ ..တဲ့.။

သားငယ် လူမမယ်ကို..ဂရုတစိုက်
ခြင်ဖြုတ်လောက်မှ မကိုက်ရအောင်
ယုယ ပိုက်ထွေး..မျက်စိအောက်က
အလစ်မပေးခဲ့တဲ့ ..အမေကို..။
အမေအို တော့မှ သူ့သား..မသေမချာ..ကြည့်မိပါသည်...။

သားကို သတိရလို့ ခဏခဏမျှော်နေတဲ့ အမေ..။
(ရောက်ပြန်တော့လည်း..)

နေကောင်းရဲ့လားအမေ

နေ ..ကောင်းရဲ့လား..အမေ..

နွမ်း..လျလျ
လွမ်း..တသသ နဲ့
အမေ့ ရဲ့ ..အသံ။
(သား)..ဘယ်တော့ ပြန်လာမှာလဲ..တဲ့။

နေကောင်းရဲ့ လား..အမေ
သား..မေးနေတယ်လေ။

ခေါင်းနဲနဲအုံ လို့..
ခြေ ထောက်နဲနဲ ထုံနေတယ်..တဲ့။

မျက်စိကမှုန်လို့..
ရင်ထဲမှာလည်း..တုန်..နေတယ်..တဲ့

မနက်စောစော ဆိုရင်
ခြေထောက် နဲနဲ ဖောချင်တယ် တဲ့..။

သွား..မရှိတော့ တဲ့ အမေ
အံကပ် နဲ့ ဝါးနေတာ..အဆင်မှ ပြေရဲ့လား..။

အမေ..နေကောင်းရဲ့..လား..အမေ..။
ကျန်းမာရေး ကို ဂရုစိုက်ပါ..
သား..ပြန်လာမှာပါ...အမေ..။
"လမင်း..ဆဲသံ"

ဆောင်းမနက်ခင်းမှာ...
ကျောင်းတက်ရင်း..
ခေါင်း တက်နင်း..မိတဲ့..ခွေးမလေးရယ်..။

လေကန်ရင်းထိုင်...
ငှက်ပျောသီးကိုင်ပြီး..
မျောက်မှိုင်..မှိုင်ခဲ့ တဲ့..ကန်တင်းလေးရယ်..။

(ကျွန်တော့ရဲ့)ငွေလမင်း ကတော့...
ခပ်တင်းတင်း ဖြစ်ပြီး..
လေညှင်းတိုးတိုးလေး နဲ့
(လူကြုံပါးလိုက်တယ်)
တေကျင်းကျိုး...တဲ့..။
ဟင့်..။
(ငါ့မှာတော့ဖြင့်)
အင့်..သွားတာပဲ..။