Thursday 13 December 2012

တူတယ်ထင်လို့

"တူတယ်ထင်လို့"

လက်နှစ်ဖက်ကိုထောက်
ဒူးခေါင်း ခေါက်ပြီး...
ဆောင့်ကြောင့်တော့..
ထိုင်တတ်ပါရဲ့...။
တခါတလေ...(ကိုယ့်ကိုကိုယ်)
ခြင်္သေ့လို့ ထင်
စိတ်ကြီးဝင်မိ..။

အားငယ်တဲ့
ဖားသူငယ် က
ခြင်္သေ့ကိုအားကျ
အော်ပြလိုက်တာများ
(ညံလို့)
ကွပ်...ကွပ်..တဲ့။

No comments:

Post a Comment