Wednesday 9 January 2013

ရမ်းကု

.ရမ်းကုတစ်ယောက်..ခေါက်တုန့်ခေါက်ပြန်ေ
လျှာက်ရင်း..ရင်ထဲက စကားတွေပြောပြပါရစေဗျာ...တဲ့။
မတောက်တခေါက်အသိ..မတတ်တတတ် ပညာ နဲ့လုပ်စားနေရတာ..စိတ်ချမ်းသာမယ်လို့..ထင်နေကြတာလား..။
သူတစ်ပါးရဲ့ အသက်နဲ့ရင်းရတဲ့ထမင်းကို..မြိန်ရည်ဝဝ မြိုကျမယ်လို့ထင်နေကြလား..။
အပ် နဲ့ပိုက်ထုပ်..လုံအောင်ထုပ် လို့..သွေးပေါင်ချိန်နဲ့ နားကြပ်..အဝတ်နဲ့ပတ်ပြီး..ဆေးထည့်ထားတဲ့လွယ်အိတ်ကို..လွယ်ရတာ..အရမ်းပျော်နေမယ်လို့..ထင်နေကြတာလား

ဆင်းရဲမှုကို ဆိုင်းငံ့ဖို့အရေး..အကြွေးလည်းထားပေးရတယ်..။
ခံစားနေရတဲ့ဝေဒနာ..သူတို့ရင်နဲ့ မကာလို့..ပြောချင်ရာပြောတာတောင်..နားထောင်ချင်ယောင်ဆောင်ရတယ်..။
ခေါ်လိုက်ကြတာ...ရမ်းကု တဲ့..။ရင်ဘတ်ကို တင်းပုတ်နဲ့ ထုတာထက် နာတယ်...။
မေးကြည့်ကြပါဦး...။ရမ်းကု အတွက်နဲ့ အသက်ဆက်ခဲ့ကြတဲ့..အထဲမှာ..ကျန်းမာရေးဝန်ကြီးတွေတောင်..ပါရင်ပါနေဦးမှာ..။
အဲ..ရမ်းကုအတွက်နဲ့ အသက်ထွက်ခဲ့ကြတဲ့..လူတွေလည်း နည်းမှာမဟုတ်ဖူး။..ဆရာဝန်တောင်မှ မမှားချင်ယောင်ဆောင်ကြသေးတာပဲ..။အဲဒီအတွက်တော့..ရမ်းကုတစ်သိုက်ကို..ဝါးလုံရှည်နဲ့ လိုက်မရိုက်ကြပါနဲ့..။
ဆရာဝန်၊ ကျန်းမာရေးမှူးနဲ့..ဆရာမ..မရောက်နိုင်ကြတဲ့.တောကြိုအုံကြား..ရမ်းကုတွေပဲ..အားကိုးတာများတယ်လေ..။
အလှမ်းဝေးတဲ့ နေရာက ပြည်သူအတွက်..ကောက်ရိုးတစ်မျှင်က ရမ်းကု တွေပဲ ထင်ပါရဲ့..။
ကောက်ရိုးတစ်မျှင်ဆိုမှ တော့..ဘယ်သူမှ ခိုင်တယ်လို့ မထင်ကြပါဘူး..။
သူတို့တွေ ကို ဆွဲတင်ရင်..ဆွဲချင်ကြမှာ...။ MBBS..တွေ..။ M.B.B.S ..A to Z  ကြိုးတုတ်တုတ်ကြီးတွေကို...။
(ဒါပေမယ့်) သူခိုးရုပ်မပေါက်ပေမယ့်....ပိုက်ဆံမပါတဲ့..ပြည်သူကို..ဘယ်သူကြည်ဖြူပါ့...။
အကြောင်းပြချက်မျိုးစုံ နဲ့ ဆရာဝန်ဂုဏ်ကို ဖော်ပြ ..ပြီးရင် ဘယ်လောက်စေတနာ ရှိပါတယ်ဆိုတာ..အော်
ပြနေကြတာ.ပါ..။
မြို့ပေါ် နဲ့ ဆင်ခြေဖုံး ဆရာဝန်ကို ပဲ..အသုံးများပါတယ်..။ဒါပေမယ့်..ရမ်းကု ပုန်းနေရင်လည်း လာခေါ်ကြစမြဲပါ..။ဘယ်ရမ်းကု ကမှ ကျုပ်ကု ပေးပါရစေလို့..တစာစာ အော်မနေပါဘူး...။ယုံကြည်လို့..သူတို့ရဲ့ လုံခြည်နဲ့ ဖိနပ် ပုံအပ်ကြတာလေ..။ဆရာဝန်နဲ့ နီးလည်း..ရမ်းကုကြီးတွေ အငြိမ်မနေရတာ..ဘာကြောင့်လဲ..။
ဆရာဝန်၊လူနာ၊ ရမ်းကု..သုံးယောက်ရဲ့ကြား..တစ်ခုခုတော့ မှားနေပြီ..။ပညာရှိ..စဉ်းစားကြည့်ကြပေါ့..။
ရမ်းကု ကိုတောင်ယုံနိုင်သေးရင်..ဆရာဝန်ဆို..ပို ယုံကြမှာပေါ့..။(ဆရာဝန်ပေးတဲ့ အသက်က..လယ်တွေနွားတွေ..ဆက်နေရတော့ ခက်နေကြတာပေါ့..)
လူနည်းစု ရမ်းကု လေးပဲဆိုရင်တော့ ..ဘယ်သူမပြု မိမိအမှု ..ဆိုပြီး..လျစ်လျူရှုထားကြပေါ့ဗျာ..။
ဒါမှမဟုတ်လည်း..ကြက်လိုက်ငှက်လိုက်..နင်းကန်လိုက်ပြီး..ခွေးဖမ်းဝက်ဖမ်း..အတင်းလိုက်ဖမ်းကြပေါ့ဗျာ..။
ကျန်းမာရေးအသိ..ပြည်သူမှာ..မရှိတာ..ပြည်သူညံ့တာပါလို့..တိုင်ပေါ်မှာ..ထိုင်အော်နေကြမှာလား..။
ပြည်သူကို..မချစ်ချင်လို့..ရမ်းကု ကို အပြစ်မြင်နေကြတာလား..။
ရမ်ကုအပ်ပုန်းထက်..အဖက်ဖက်က..သာပြီးသား..လူတွေမို့..။လူသားချင်း.စာနာထောက်ထား..ရမ်းကုများကို
ဒီမိုကရေစီလမ်းကြောင်းပေါ် ဆွဲတင်ပြီး..မျက်ရည်ယိုဗုန်းနဲ့..ပစ်ချင်ရင်..ပစ်လိုက်ကြပါ..။နောက်မှ မီးလောင်တယ်ဆိုရင်လည်း..။
အောင်လလိုပဲ..အကြောက်အကန်..။
ငါမှားတာရှိရင်...တောင်းပန်ပါတယ်..ပေါ့..။

No comments:

Post a Comment