နွမ်း..လျလျ
လွမ်း..တသသ နဲ့
အမေ့ ရဲ့ ..အသံ။
(သား)..ဘယ်တော့ ပြန်လာမှာလဲ..တဲ့။
နေကောင်းရဲ့ လား..အမေ
သား..မေးနေတယ်လေ။
ခေါင်းနဲနဲအုံ လို့..
ခြေ ထောက်နဲနဲ ထုံနေတယ်..တဲ့။
မျက်စိကမှုန်လို့..
ရင်ထဲမှာလည်း..တုန်..နေတယ်..တဲ့။
မနက်စောစော ဆိုရင်
ခြေထောက် နဲနဲ ဖောချင်တယ် တဲ့..။
သွား..မရှိတော့ တဲ့ အမေ
အံကပ် နဲ့ ဝါးနေတာ..အဆင်မှ ပြေရဲ့လား..။
အမေ..နေကောင်းရဲ့..လား..အမေ..။
ကျန်းမာရေး ကို ဂရုစိုက်ပါ..
သား..ပြန်လာမှာပါ...အမေ..။
ခြေ ထောက်နဲနဲ ထုံနေတယ်..တဲ့။
မျက်စိကမှုန်လို့..
ရင်ထဲမှာလည်း..တုန်..နေတယ်..တဲ့
မနက်စောစော ဆိုရင်
ခြေထောက် နဲနဲ ဖောချင်တယ် တဲ့..။
သွား..မရှိတော့ တဲ့ အမေ
အံကပ် နဲ့ ဝါးနေတာ..အဆင်မှ ပြေရဲ့လား..။
အမေ..နေကောင်းရဲ့..လား..အမေ..။
ကျန်းမာရေး ကို ဂရုစိုက်ပါ..
သား..ပြန်လာမှာပါ...အမေ..။
No comments:
Post a Comment