Thursday 13 December 2012

သားပြန်တော့လေ

သား.......ပြန်တော့လေ

အိပ်ပျော်နေတဲ့...အမေ့ရဲ့အနား
(သား) တိတ်တိတ်လေး သွားခဲ့တယ်..။
အိပ်ရာခင်းထက်
ပက်လက်ကလေး..အိပ်ပျော်နေတဲ့ အမေ..
မနိုးစေဖို့ အရေး..
ခြေသံဖွဖွလေးနဲ့ပေါ့..။

မတွေ့ရတာ..ကြာနေတဲ့
အမေ့မျက်နှာလေး...
(သား)ငေး ကြည့်မိတယ်..။
ဇရာရဲ့ အရိပ်
အရေးအကြောင်း စိပ်စိပ် က..
နဖူး နဲ့ ပါးပြင်မှာ..
အတိုင်းသား မြင်နေရပြီ..။

(အရင်တုန်းက)
အနက်ရောင် ဆံပင် ထူထူ..က
(ခုတော့) ကျဲကျဲ ဖြူဖြူလေး..ဖြစ်လို့ပါလား...။
တင်းရင်းစို ပြေခဲ့တဲ့ ..အသားရေ
လျော့ တွဲတွဲ ဖြစ်လို့ပါလား..။
(သား ) ကို ချီပိုးခဲ့တဲ့..
အမေ့ရဲ့ လက်မောင်းအိုးလေး..
ရင်ထဲမချိ လို့..သွား..ကိုင်ကြည့်မိတယ်...

တွန့်ခနဲ..နိုးသွားတဲ့ အမေ..။
သားကြီး ပြန်ရောက်နေပြီလား..တဲ့.။
ဝမ်းသာအားရ..လူးလဲထ ပြီး..
ဝမ်းနည်းတဲ့ ဟန်နဲ့ အမေရဲ့ ပြောသံ က..
သားရယ်..ခဏခဏ ပြန်လာခဲ့ပါ ..တဲ့.။

သားငယ် လူမမယ်ကို..ဂရုတစိုက်
ခြင်ဖြုတ်လောက်မှ မကိုက်ရအောင်
ယုယ ပိုက်ထွေး..မျက်စိအောက်က
အလစ်မပေးခဲ့တဲ့ ..အမေကို..။
အမေအို တော့မှ သူ့သား..မသေမချာ..ကြည့်မိပါသည်...။

သားကို သတိရလို့ ခဏခဏမျှော်နေတဲ့ အမေ..။
(ရောက်ပြန်တော့လည်း..)

1 comment:

  1. အမေကို သတိရနေတာ...။

    ReplyDelete