Wednesday 7 November 2012

အရေးပေါ်

 တူနှစ်ဖြာရွှေဂဟေ တို့လို့...
ဘိသိက်ခံမင်္ဂလာပွဲ ဆင်နွှဲလိုက်ကြတာ..။
ညရောက်တော့မှ......
မင်္ဂလာသတို့သမီးက ဗိုက်မကြီးချင်သေးလို့...
ကလေးမရဖို့အရေး...တားဆေးလေး ထိုးပေးပါ..တဲ့.။

"ချစ်..လက်ထပ်ချင်ပြီကွာ".....။ရွှန်းရွှန်းစားစားကြည့်ကာ..မီးငယ်ပါးလေး အာဘွားပေးရင်း ပြောလိုက်တဲ့ကောင်လေးရဲ့ စကားသံ တိုးတိုးညှင်းညှင်းလေး..။
မီးငယ်ရဲ့ ခြေဖျားလက်ဖျားအေးသွားတယ်...။တဆတ်ဆတ်တုန်နေတဲ့ မီးငယ်ရဲ့ နှုတ်ခမ်းတစ်စုံ..။နှင်းဆီငုံလေး..။
ဝင်သက်ထွက်သက်ကို..မောဟိုက်စွာရှူရှိုက်ရင်း..မီးငယ်ရဲ့ရင်ခုန်သံဗြောင်းဆန်နေရပြီ..။ကတုန်ကယင်ပြောလိုက်တဲ့
တဲ့ကောင်လေးရဲ့စကားသံက.."အတူနေချင်ပြီကွာ.."
"အို..."
နှင်းဆီရောင်နှုတ်ခမ်းလေးဝိုင်းသွားတယ်။ကောင်လေးကို မဝံ့မရဲမော့ကြည့်တယ်။ကောင်လေးရဲ့မျက်ဝန်းတွေက မီးငယ်ကမ္ဘာထဲက အပြာရောင်ကောင်းကင်ကြီးပါဘဲ..။မိုးတိမ်တွေနဲ့နှစ်ယောက်အတူ ဝဲလိုက် ပျံလိုက်..။
လေပြေညှင်းလေးတွေ မုန်တိုင်းမကျဘဲ ဖြတ်ခနဲတိုက်သွားတယ်။ ဝေးသွားမှာဆိုးလို့ နှစ်ယောက်သား တိုးဖက်ထားလိုက် ကြလေသတည်း..။

လင်တော်မောင်နဲ့ ခွဲခွါ နေရတာ..တစ်လတောင် ကျော်ပြီ..။သူမရှိတဲ့ ရက်တွေမို့..ဆေးမသောက်ပဲဖြတ်ထားလိုက်တာ...ကလေးမယူချင်သေး...။ရင်လေးလိုက်တာ...ခုည..မောင်ပြန်
ရောက်မယ်တဲ့..။

အရက်တန်ခိုးနဲ့ ပေါင်းစပ်..ရမ္မက်ခိုးကပ်နေတဲ့ တုတ်ကြီး ...။
သေးမျှင်ရဲ့ အခန်းထဲ..။အိမ်မှာ ဘယ်သူမှ မရှိတုန်း..မင်းတုန်းဖြုတ်..လက်ထဲမှာလည်း ဓါး မည်းမည်းကြီးနဲ့..။
သေးမျှင်.ဘဝ..ရေတိမ်တွင်းထဲ ကျရပြီပေါ့..။

အဲဒီလို ....
အခြေအနေ အမျိုးမျိုး အရေးပေါ် တိုးခဲ့ရင်....။
ချက်ဖော်အိပ်တိုင်း သိကြားမင်း လက်ညှိုးတော်နဲ့ ဝိုင်းလိုက်သလို..။မလိုချင်ပဲ..ရေဖျင်းမဆွဲရအောင်(ကိုယ်ဝန်မရ..ရလေအောင်)..
အရေးပေါ်သန္ဒေတားဆေး သောက်ပေးရမှာပေါ့..။
Emergency Pill  အကြောင်း တစေ့တစောင်းလေးသိစေဖို့အရေး ပြောပြပေးပါရစေ..။
သူ့နာမည်လေး ဈေးကွက်မှာ ပေးထားတာ..ပိုစတီနာ (သို့)ပိုစတီနော..ကြိုက်သလို သာပြော..။
အီးစီးတူးလည်း ခေါ်သေးတယ်။ chemical name က Levonorgestrel တဲ့။
နှစ်လုံးထဲပါတဲ့ ဆေးကပ်ကို ဗူးထဲမှာသပ်သပ်ရပ်ရပ်ထည့်ထားတယ်။ဆေးနှစ်လုံးအရွယ်အစားက ပင်အပ်ထိပ်ဖျား သာသာရယ်..။
ချစ်မှုရေးရာ sex ကိစ္စပြီးသောအခါ..
(၇၂)နာရီ အတွင်း..မကျော်မချင်းသောက်လို့ရတယ်..။ပြီး..ပြီးချင်းသောက်ထား...အောင်မြင်မှုပိုများတာပေါ့။
ဆေးတစ်လုံးနဲ့ တစ်လုံးကြား (၁၂)နာရီ ခြားရမယ်..။
ဒါပေမယ့်လည်း (၇၂) နာရီ မကျောဘဲသောက်ရမယ်..။
အဲဒီအခါကျရင်..နှစ်လုံးစလုံးတပြိုင်တည်း ..ဟိုင်း..ဆိုပြီးသောက်ရင်လည်းရတယ်..။

ဘာဆေးပဲဖြစ်ဖြစ်..အကျိုးနဲ့ အပြစ်ဆိုတာရှိနေမြဲပါ..။
မဒီတို့ရဲ့..menstral cycle ရက်ကျော်တတ်တယ်..။
ဖွားဖက်တော်ရေတံခါးက..သွေးတစနှစ ဆင်းကျလာတတ်တယ်..။ဝမ်းဗိုက်ရဲ့အောက်ပိုင်းနားလေး..ဖြည်းဖြည်း နာတတ်တယ်။
(၂)နာရီအတွင်းပြန်အံရင်..ပြန်သောက်လိုက်ပါ..။

အရေးပေါ်သုံးတဲ့ ဆေးဆိုတော့ အမြဲတမ်းသောက်နေလို့လဲမဖြစ်သေးဘူးပေါ့..။
ပုံမှန်သုံးရမယ့် တားဆေး ကြိုက်တာရွေး..စနစ်တကျသောက်ပေးထိုးပေးလေ..။
သားအိမ်မျက်ရည်လေး ရာသီသွေးဆင်းလာပေးပြီးရင်..
၅-၇ ရက်အတွင်းမဆိုင်းမတွ..ပြေး..ထိုးပေးကြပါလေကုန်သတည်း.................။

No comments:

Post a Comment