Wednesday 21 November 2012

နွားဖြစ်တော့မယ်

ပုံပြင်အစ...

ဟိုး....ရှေးရှေးတုန်းကလို့ပြောရမှာပေါ့..။တန်ခိုးရှင်တစ်ပါး မအားလပ်တဲ့ကြားက..။
လူ ၊ နွား ၊ မျောက် ၊ခွေး..ရွေးထားတဲ့ ကိုယ် စားလှယ်တွေနဲ့ လွှတ်တော် မှာဆွေးနွေးကြတယ်..။
သက်တမ်း ခွဲဝေရေး အဆို တင်သွင်းငြင်းခုံကြရင်းပေါ့..။
လူကို နှစ်(၃၀) ၊ နွားကို (၃၀) ၊ မျောက်ကို (၃၀) ၊ ခွေး ကို (၃၀) အသက် အညီအမျှ ပေးမယ်တဲ့..။
အသက်တွေကို ကိန်းဂဏန်းလုပ် ဘောပင်လေးတွေ ကိုယ်စီထုတ်လို့ပေါ့..။ရှေ့မှာချထားတဲ့ ပန်းခြင်းနဲ့စာအိပ်..မျက်စိကလေး အသာမှိတ်ပြီးကြည့်နေကြတယ်..။
R U OK? တကယ့်လွှတ်တော်ထဲမှာလို..ငြိမ်မနေကြနဲ့လေ..ဆိုတော့မှ..။
နားရွက်မလှုပ် အမြီးကုပ်နေရာက နွားကလေးတစ်ကောင် ဂျိုလေးထောင်ပြီး..
နွားတို့ရဲ့ကိုယ်စား ပြောကြားရမည်ဆိုလျှင်..အသက်သုံးဆယ် များလွန်းပါတယ် အရှင်..။
ထမ်း်ပိုးနဲ့လှည်းဘီးကြားလေးဘက်သွားလို့ ထယ် နဲ့ထွန်တုံး အားကုန်ရုန်းရင်း..ရွှေကြိမ်လုံးအောက် ပြားနေအောင်..ကြောက်ရပါတယ်..။
ထိုသို့ခိုင်းစား ကျွန်ုပ်တို့အား.. အသက် ၁၅ နှစ်လျှော့ဖြစ်အောင်လျှော့ပစ်ရပါ့မယ်..။
ထိုသို့ဆိုလျှင်တန်ခိုးရှင်သည် ဘယ်ကြည့်ညာကြည့်ယူမယ့်သူဘယ်သူရှိလဲပေါ့..။
မျောက်နဲ့ ခွေး တွေတွေ လေး ငေးနေတယ်..။
လူသားအမတ် မတ်တတ်ရပ်လို့ နွားရဲ့အသက် တစ်ဆယ့်ငါး ကျုပ်တို့လူသားယူသွားမယ်ဆိုပြီးတော့ ခေါင်းပေါင်းစလေး တရမ်းရမ်း..ဂိုက်ပေးကြမ်းကြမ်း နဲ့ပေါ့..။
နွားအသက် ၃၀ ထဲက ၁၅ နှစ်ကိုနှုတ် လူသားဆီကို ပေါင်း.."ဟ..ချလောင်း" ဖြစ်စေပေါ့..။
အတည်ပြုပေးလိုက်တယ်..။
ခေါင်းကလေး ကို ကုတ် သန်းတုတ်နေတဲ့ မျောက်တို့ရဲ့ကိုယ်စားလှယ်..မျာက်နှာငယ်နဲ့ထရပ် မိုက်နဲ့ ပါးစပ်ကပ်ပြီး..။"ပြေးလွှားခုန်ပေါက် သစ်ပင် အပေါ်အောက်...တစ်ပင်မကောင်းတစ်ပင်ပြောင်ရင်း...ဟိုဆွဲဒီဆွဲ လက်မြဲရလေအောင်..အသက်နဲနဲ လျှော့ပေးပါ..။ နွားနဲ့တန်းတူ ..လျှော့ယူမယ်ပေါ့..။
ဒါဆိုရင် "ကဲ..ဘယ်သူယူ .." ဆိုတော့..
လူသားအမတ် ဆတ်ခနဲ ထရပ်တယ်..။သူယူမယ်ပေါ့..။ဟိုကလည်း..အတည်ပြုတယ်ပေါ့..။
(ခုနေဆိုရင်...လူသက်၃၀ ကို နွားသက် ၁၅ ရယ်..မျောက်ဆီက ၁၅ ရယ်ပေါင်းရင် ..၆၀ ပြည့်လို့အနားယူ ဘဏ်မှာ ငုတ်တုတ် ပင်စင်ထုတ်ရတော့မယ့် အရွယ် ဘယ်ငယ်တော့ မှာလဲ)..
အဲဒီ အချိန်မှာ ခပ်ကြောင်ကြောင် နဲ့ ခွေးတစ်ကောင် ထဟောင်တယ်..(အဲလေ)ထ ပြောတယ်..။
နေ့နေ့ ညည စိတ်ချရစေဖို့ ..ဖြစ်သလို နေစား..အိမ်စောင့်ပေးထားရတာ..။ပျင်းစရာ..။နေ့နေ့ ညည ဟောင်ရပြီဆိုရင်..ကျယ်ကျယ် လောင်လောင် အသံအောင်ရပါတယ်..။
စူးစူးရှရှ အူပြရပါတယ်..။
အဲဒီအတွက် ကျုပ်တို့အသက်ကို..နွား နဲ့မျောက်ရဲ့အသက်အတ်ုင်း ၁၅ နှစ်ပျော့ပျော့ အသက်လျှော့ ရန် အစီအစဉ်..ပီပီပြင်ပြင် ရှိမရှိဆိုပြီး..ဘုကြည့်ကြည့်မေးလိုက်တယ်..။
ထိုသို့အကြည့်ခံရတဲ့ တန်ခိုးရှင် စိတ်ဆိုးချင်သလို ဖြစ်သွားတယ်..။
ဟိတ်ကောင်လူသား မင်းယူမလားဆိုတော့..
လူသားတို့ကိုယ်စားလှယ်ကလည်း ယူ.မယ်ဆိုတာချည်းပဲ..။
နွား နဲ့ခွေး မျောက် ကို  လွှတ်တော်ပြီးလို့ဘီယာသောက်ချင်လား..။အနှိပ်ခန်းသွားချင်လာ.း။ တစ်ခုခု စားသွားပါဦးလား..ဟု လောကွတ်ပြုရမယ်ဆိုပြီး တေးမှတ်ထားလိုက်တယ်..။
" ကဲ ..ကိစ္စ အားလုံးပြီးဆုံးလို့ ..တို့များလွှတ်တော် သိမ်းမယ်နော် " ဆိုပြီး..မေးကလေး ငေါ့..မျက်စိလေးထောင့်ကပ်ပြီး ရှေ့ခုံလေးကို လက်သီးဆုပ်ဖွဖွလေးနဲ့ ကနွဲ့ကလျ နဲ့ အင်းဟယ်ဆိုပြီး ထုလိုက်တယ်..။
ခု..ဒီအတိုင်းဆိုရင်..လူ့သက်တမ်း ၃၀ ရယ်..နွားဆီက ၁၅ မျေက်နဲ့ခွေး ပေးသွားတာက ၃၀ ထား စုစုပေါင်း ၇၅ ။
(၁) လူ့ရဲ့ကိုယ်ပိုင်သက်တမ်း ၃၀ သောက်မယ်စားမယ် ပျော်မယ် ပါးမယ်..။တင့်တင့်တို့ အရွယ်..ပေါ့..။
(၂) ၃၀ -၄၅ နွားဆီက သက်တမ်း..။ကဲရုန်းစမ်းဟ..။ရှေ့မှာ ထမ်း ပိုးနောက်မှာလှည်းဘီး..အပေါ်မှာလည်း..ကြိမ်လုံးကြီးနဲ့..။သား နဲ့မယားအတွက် အားကုန် ရုန်းတက်ရမှာပေါ့..။
(၃) ၄၅-၆၀ မျောက်ပေးတဲ့သက်တမ်း..သမီးနဲ့သားမွေးထားတဲ့ ကလေးတွေကို...ပြူးတုပြဲတဲ မူးလဲ တဲ့အထိ..ဟိုစွဲ ဒီစွဲ..ဆဲလည်းဆဲရ..မျောက်ထက်တောင်ကဲ ပြရတယ်လေ..။
(၄) ၆၀-၇၅ ခွေးကောင်ဆီက အချောင်ရထားတာ..။သားကအလုပ်သွား..။သမီး ကရုံးတက်..။မြေးတွေလည်းကျောင်းတက် အိမ်ကို သူခိုးမဖျက်အောင်..။အိမ်စောင့်ကြီးတဖြစ်လဲ..ခွေးငနဲကြီးကို..ဖြစ်လို့..။
ငါ့ရဲ့ အသက်....(၃၀)နားရောက်..လ လောက်ပဲလိုတော့တယ်..။
နွားဘဝနဲ့ မင်းရှေ့မှာ...."အား" ပြရဦးမှာလား..။


No comments:

Post a Comment