Sunday 18 November 2012

ရေခံမြေခံ

သစ်ပင်လေးတွေ...
ရှင်သန်ဖို့အရေးအောက်ခံ မြေဆီလွှာက အရေးကြီးတယ်..။
သင့်တင့်မျှတတဲ့ ရာသီဥတုနဲ့ဆို ရင်..မုန်တိုင်းတွေကိုလည်း အန်တု..ပြိုင် ..ရင်ဆိုင်နိုင်တာပေါ့။ပြုစုပျိုးထောင်မြက်ထွင်ခြံခတ်..လုပ်ရတဲ့သူ သိပ် စိတ် မပူရဘူးပေါ့..။
ပိုးမွှားကျရောက် အန္တရာယ်လောက်ကိုလည်း ..ပြန်လည် ခုခံ ..အပင်တွေက သန်ပြီးရင်း...သန်မှာပေါ့။
မြေဆီကောင်းကောင်းကိုစား..။မိုးရေလုံအောင်သောက်..နေရောင်ခြည်ရဲ့အောက်မှာ..ဝါးဝါးစွင့်စွင့် သူတို့ သီးကြပွင့်ကြတယ်လေ..။
အောင်မြင်တဲ့ အနှံ..အဖိုးတန်တဲ့..အဆန်။အရောင်မှန်တွေထွက်ကြတယ်..။
မြေဆီက..ခန်းခြောက်..နေရောင်ကမရ..မိုးရေက မဝရင်..အပင်လေးတွေရဲ့ဘဝက..သနားစရာ..။
ဥတု နဲ့မြေဆီ ညွှန် ဖြစ်နေတော့..မြေသြဇာ..ဘယ်လောက်ပဲ..ကျွေး..ကျွေး..။သဲ ထဲ သေးပေါက်..ခဏနေ ခြောက်သွားသလိုမျိုးပဲ..။
ပန်းပျိုးသူလက်...ပြတ်ထွက်သွားမယ်..။နဖူးက ချွေးပေါက်..ခြေမရောက်လို့..ခြေမက..ချွေး စက်..နဖူးပေါါ်ပြန်တက်သွားမယ်..။အပင်ကမသန်..မျိုးတောင် ကျန်မှာ..ဟုတ်ဖူး။
အဲဒီလိုပါပဲ...
တက္ကသိုလ်ကျောင်းသား
တိုင်းပြည်ရဲ့အိမ်ရှေ့မင်းသားလေးတွေ..။နိုင်ငံရဲ့ မျိုးစေ့လေးတွေ..။
မြေဆီမခင်း..ဥတုကလည်းဖျင်းတဲ့မြေတလင်းမှာခြံဝန်းမခတ် နယ်မြေကလည်း မကန့်သတ်..။ဒီနေရာမှာ ကျဲ ထားတယ် ဆိုတာတောင်..ဆိုင်းဘုတ်ကလေးတောင် ထောင်မထားဖူး..။
ကြက်တွေကစား..ဘဲတွေကထိုး..ဒွေးရောယှက်တင်..ပေါင်းပင်တွေရဲ့ကြား..အပင်လှီလှီလေးတွေပဲများမှာပေါ့..။
မျိုးစေ့ပိုင်ရှင်..စိတ်ကြီးဝင်ပြီး..တစ်နေ့ကြီးလာနိုးနဲ့မြေသြဇာဖိုးတွေနဲ့..နေလောင်နေတဲ့ ကျောတွေနဲ့ ..ဖတ်ဖတ်ကိုမောလို့..။
ထုံအီနေတဲ့ မြေဆီ..စံချိန်မီတဲ့ရာသီ နု့..မြက်ထွင်ခြံခတ်..ပေါင်းသတ်ထားတဲ့..မြေကွက်လေး မှာ နေရာပေးကြပါ..။

အပင်တွေသန်..မျိုးစေ့ကျန်ပြီး..တိုင်းပြည်ရဲ့အနာဂတ် ကိုယ့်တံဆိပ်ကို ကပ်ကြတာပေါ့..။
အာရုံထွေလီ..စုံကာစီနေတဲ့ မြို့ပြယဉ်ကျေးမှုတွေရဲ့ကြား...
ဘီယာနဲ့ဘောလုံး နပန်းလုံးကြ။
အရက်နဲ့ဖွန်..ကွမ်းဆေးလိပ်တို့ရဲ့ ကျေးကျွန်တွေဖြစ်လို့..။
အချိန်တန်ရင်နွားပိန်..နဝ...အကုန်အကန်ခံရတဲ့ဘဝတွေ..။ကမ္ဘာကျော်ဖို့..အတွေးအကြံ...ဒီလိုရေခံမြေခံမျိုး
နဲ့သာဆက်သွားနေမယ်ဆိုရင်..။
ဒေါင်းတွေအလယ်က..ကျီးသူငယ်လို..ကိုယ့်အမွေးအရောင်..မဲပြောင်ပြောင်လေးကိုပဲ..ဂုဏ်ယူမဆုံး..
တပြုံးပြုံးနဲ့ပေါ့..။

No comments:

Post a Comment