Saturday 13 October 2012

ဒဏ္ဍာရီ ထဲက ဗိဿနိုး

"ဒဏ္ဍာရီထဲကဗိဿနိုး"

ကျွန်တော်..ခုဆိုရင် ပန်ထွာဘုရင်မရဲ့ စံမြန်းရာ ကျိန်စာသင့်မြို့ဟောင်း ဗိဿနိုး နဲ့ မိုင် ၅၀ ဝန်းကျင်မှာရှိနေတယ်..။
ညအိပ်ရာဝင်တိုင်း..ဗိဿနိုးက ပန်ထွာ ၊ သရေ ခေတ္တရာက ဒွတ္တဘောင်...မျက်စိထဲမှာ မြင်လာတဲ့ အထိ ဇာတ်လမ်းစဉ်ကြည့်မိတယ်...။
ကလေးဘဝက အဖေပြောပြခဲ့တဲ့ ဒဏ္ဍာရီထဲက မောင်ပေါက်ကျိုင်း..။နောက်တော့ဘုရင်မောင်ပေါက်ကျိုင်း..ပေါ့..။ဘာမှမတတ်တဲ့ဘုရင် သူ့ဆရာဆီက သုံးခုပဲသင်လာတယ်..။
"မအိပ်မနေ အသက်ရှည်..၊ သွားပါများ ခရီးရောက်၊ မေးပါများစကားရ။"...တဲ့.။
စာတတ်ပေတတ် ကိုအမတ်တို့ရဲ့ ကျေးဇူးကြောင့် ဘုရင်မမြဲတဲ့ ပလ္လင် သူ့ကိုအတင်းဆွဲတင်ကြတယ်လေ..။နဂါးနဲ့အကြောင်းဆက် ပေါင်းဖက်နေတဲ့ မိဖုရား..။ ပေါက်ကျိုင်းနဲ့တွေ့တော့မှ နဂါး ကား သွားတယ်..။ သွားပါများ ခရီးရောက်ပြီး မေးပါများ စကားရ ၊ မအိပ်မနေ အသက်ရှည်လိုက်တာ မိဖုရားနဲ့ အကြောင်းဆက် ကလေးနှစ်ယောက် ထွက်ခဲ့တယ်။ မျက်ကန်း အမွှာပူး အိမ်ရှေ့စံရာထူးနဲ့မတန်လို့ ပေါင်မုန့်ခြောက်နဲ့ ဆတ်သားကင် ၊ဝီစကီတစ်ထဖာ ရေသန့်နှစ်ပါကင် ၊မြန်မာဘီယာပုလင်းတွေပါ ဖောင်ပေါ်တင်ပြီး ဧရာဝတီမြစ်ကြောစုန်မျှောလိုက်တယ် ဆိုပဲ..။ဇော်ဝင်းထွဋ်ရဲ့ ရွက်လွှင့်ခြင်းသီချင်း ကို ခံစားချက်ပြင်းပြင်းနဲ့ သီဆိုရင်း..သစ်တစ်ပင်ရဲ့ထိပ် ဖောင်သွားချိပ်တယ်..။သောက်သောက်စားစား ရှေးဟောင်းသင်္ဘောသားနှစ်ယောက်ဆတ်သားအကင်တွေပျောက်ပျောက်နေတဲ့အပြင်
ဝီစကီ ပုလင်းကိုခိုးမော့ လျှော့လျှော့သွားတာ ..မျက်မမြင်ညီအကို လစ်မစ်တွေလိုလိုသွားတာပေါ့..။တစ်နေ့တော့ ဘီယာပုလင်းဖွင့်သံ ဖောက်ခနဲအသံကြောင့် လက်သွက်တဲ့ငနဲက ဖတ်ခနဲ ဖမ်းဆွဲလိုက်တာ..ရုန်းလို့မရတော့တဲ့ ဘီလူးမ တောင်းပန်ရတော့တာပေါ့ ။
အစ်ကိုကြီးတို့ရဲ့ တစ်ယောက်နှစ်လုံးပြန်သုံးလို့ ရအောင်ကုပေးမယ်ပေါ့ ။ဆိုပြီး စကုပေးတယ်..။Eye special list ဘီလူးမရဲ့ ကုသမှုစတင်တဲ့မြို့ ကို..ခု စကု လို့ခေါ်တယ်။မျက်စိမြင်တဲ့အထိ လိုက်ကြည့်ပေးရမယ်လေ။ခွဲစိတ်မှုအောင်မြင် ဂွမ်းစလေး စမြင်တဲ့နေရာကို မြင်ဂွမ်း ..ခု..မြင်ကွန်း လို့ခေါ်ကြတယ်..။အောင်မြင်မှုအထိမ်း အမှတ် ဖောင်ပေါ်မှာ ဆိုင်းဘုတ်တွေဘာတွေကပ်၊ မှတ်တမ်းတင်ဓါတ်ပုံတွေဘာတွေရိုက်ပြီး ဆရာမ က (အဲလေ) ဘီလူးမ ကပြန်သွားတယ်..။ဒါပေမယ့် ဘီလူးမ မှာကိုယ်ဝန်ပါသွားတယ်..။
ဘီလူးမ ကပဲ အညှာလွယ်တာလား..။ဟိုနှစ်ကောင်ကပဲ...(ထားပါတော့...)(ဒင်းတိုကလည်း မျက်စိဇုံလုံးကန်းနေလို့သာပေါ့။ အေးလေ..အချစ်မှာ ဟိုဒင်းမှမရှိတာ ..မျက်စိ)။
သို့ပေကမင့်..ဘီလူးမကတော့ ..သူ့လက်ကလေး ဆွဲလိုက်ရုံနဲ့ သန္ဒေခတာပါ...တဲ့။(မူးနေတော့လည်း တတ်နိုင်ဘူး..)
ဒါဆိုဘယ်ကောင်အရင်ဆွဲတာလဲ..(လက်ကို)..။ဘီလူးမလေး ကလေးမွေးပြီလေ..။တောင်တွင်းကြီးမှာ.(ဗိဿနိုးမှာ) မိန်းကလေး ၊အညာသူလေး..။ သူ့နာမည်က တောဂေါ်လီ (ဟယ်..စိုင်းစိုင်းနဲ့ ရောသွားတယ်)
ပန်ထွာ.......တဲ့။....။
နောက်တော့မှ ဗိဿနိုးပြည့်ရှင် ပန်ထွာဧကရီ။
ဟိုညီအစ်ကို အမွှာပူး မူးမူးနဲ့ရေစုန်မျောသွားလိုက်တာ..သောင်အစပ်မှာ ဖောင်သွားကပ်တယ်။ဟော..တွေ့ပါပြီ...ဘူးခြောက်ဘူးနဲ့
 ရေခပ်နေတဲ့ (ဟုပေါင်) ဘူးသီးခြောက်နဲ့ ရေခပ်နေတဲ့ ထဘီစကတ်နဲ့ကောင်လေး..ပြည်သူလေး(သရေခေတ္တရာသူလေး)
မဗေဒါ..........။
လက်မငြိမ်တဲ့ အကြီးကောင်က ကောင်မလေးကို အပေါက်ကျဉ်းတယ်ဆိုပြီးသွားချဲ့ ပေးလိုက်သေးတယ်..။(ရေခပ်နေတဲ့ဗူးသီးခြောက်ကိုပြောတာနော်)
ဟဲ့ဗေဒါ ..ဗေဒါ နင့် ဘူးကိုဘယ်သူချဲ့ဆိုတာ..အနှီပုဂ်ဂိုပေါ့ ။
အော်မဗေဒါအဖေနဲ့အမေလား..။
သူ့အဖေက ရသေ့ကြီးလေ..။မောင်ပေါက်ကျိုင်းမိဖုရားရဲ့အကိုကြီး..အမွှာညီနောင်ရဲ့ ဦးလေးကြီးပေါ့.။ပြည်ကိုဘယ်လိုရောက် နေတာလည်းဆိုတော့ ..ဝက်သောင်းကျန်းလို့ လိုက်သတတာလေ..။ဝက်မစွပ် တို့ ခုခေါ်နေတဲ့ ဝက်ပုတ်မြို့ မှာဝက်ပုတ်သွားလို့ဝက်သေကြောင်း သက်သေမပြနိုင်လို့မပြန်တော့ပဲနဲ့ တွေ့ရာအဝတ်ကောက်စွပ်လိုက်တာ အဲဒါနဲ့ရသေ့ဖြစ်သွားတာ နေမှာ..။တစ်နေ့တော့ရသေ့ကြီး ဘီယာအသောက်များပြီး သေးပေါက်ထားတာကို သမင်မက ဘာထင်လို့လဲမသိ အားရှိပါးရှိသောက်လိုက်တာ..ကိုယ်ဝန်ရှိသွားတယ်..တဲ့။(သမင်မလေး မျက်ရည်နဲ့မျက်ခွက် ..နေ့စဉ်နဲ့အမျှစိတ်ဆင်းရဲရမှာဲ့နော်..)
နောက်ဆုံးလက်သည်ရှာကြည့်တော့ ရသေ့ သေးကိုသောက်မိ ကျွန်မအပြစ်ရှိ၏..ပဲလုပ်လိုက်ရတာပေါ့။ရသေ့ရဲ့တဲနား ကလေးမီးဖွားထားခဲ့တယ်..။
အလို လူသံပဲ..အူဝဲ..အူဝဲငို....။မိန်းကလေးပါလားသနားစရာ ဆိုပြီး ရသေ့ကြီးစတွေ့ ငုတ်တုတ်မေ့တော့တာပေါ့။ကလေးက ပါးစပ်ဖြဲငို သေးက ထပ်တလဲစို ရသေ့ကြီး duty တွေပို ဆိုတာမျိုးတွေလာပြီပေါ့..။
မဗေဒါလေး အရွယ်ရောက်တော့ ဘူးသီးခြောက်အပေါက်ကျဉ်းကျဉ်းနဲ့ နေတိုင်းရေခပ်ဆင်းခိုင်းတယ်လေ..။(ဖြစ်ရလေ့ဗေဒါရယ်..ချောင်လေးမှာခို
ရှိုက်ရှိုက် ငိုရမှာပေါ့)
မဗေဒါနေတဲ့ကျောင်းဆောင် ဟိုနှစ်ကောင်လိုက်သွားတယ်လေ.။ရသေ့နဲ့တွေ့တော့အကျိုးအကြောင်းမေးငါ့တူလေး ဆိုတာတွေဖြစ်ကုန်...။
မဗေဒါ နဲ့ ဘူးချဲ့ တဲ့ကောင်ကို မင်္ဂလာဆောင်ပေး ..ကလေးမွေးတယ် ပေါ့..။
ယေက်ျားလေး...
ဒွတ္တဘောင်...တဲ့...။
မောင်လေး..ဒွတ်ဒွတ် နဲ့ မမပန်ပန်..။
အတိတ်ကံ အကျိုးပေး နဲ့ အညှိုးအတေး က ရင်မအေးစရာ..။
ပူးဖို ပူးမ လင်မယား လျှာနဲ့ခလုတ် သွားနဲ့ကိုက်မိကြတယ်လေ..။
KTV  သွားတဲ့ ပူးဖိုယောကျာ်းကို အညိုးထားဆုတောင်းမှားသွားတယ်..။ငှက်ဖြစ်ရင် တစ်ကိုင်းထဲမနား ဆင်ဖြစရင်တစ်ကျွန်းထဲမစား..လူဖြစ်ရင်လည်း တစ်တိုင်းခြား ပါရစေ..ပေါ့။စိတ်ကောက်နေတဲ့ ချစ်မယားလေးပူးမ စိန်နားနပ်နဲ့ချော့ လည်း မပျော့ချင်တော့..။သူကလည်း ပြန်ဆုတောင်းနောင်ဘဝမှာ ကောက်ညှင်း တစ်အိုးထဲ ပေါင်းရပါစေ..ပေါ့။
ပူးဘဝကစုတေ ..ဘုရင်နဲ့ ဘုရင်မတွေ ဖြစ်နေကြပြီလေ..။ဒွတ္တဘောင်ရင်ထဲ ပန် မှ ပန် ပဲ ဖြစ်နေလိုက်တာ..။Facebookမှာ add တော့လည်း လက်မခံ confirm ပြန်မလုပ်..။တရုတ်နဲ့မြန်မာလို ဆင်နှစ်ကောင်နဲ့ ဖျံတစ်ရှင်း လဲ မလား ဆိုတော့လည်း ဟင့်အင်း..တဲ့။နောက်ဆုံးတော့ ပန်ပန်ဆီ စစ်ချီတယ်လေ..။မအောင်မြင်ဘူး..။ဘယ်နိုင်မှာလဲ ..အိုးစည်လိုလို ဗုံလိုလို ဟာမျိုးလေး ပန်ပန့် ကို ဟိုလူကြီးပေးထားတာရှိတယ်လေ။အဲဒါလေး တစ်ချက် နှစ်ချက်လောက် ထုလိုက်လို့ကတော့ လာတဲ့ စစ်တပ် ရေနှစ်သတ်လို့ ရတယ်လေ..။ကြံရာမရတော့တဲ့ ငဒွတ် ဘောင်းဘီကျွတ်အောင် စဉ်းစားရပြီပေါ့..။ကျွန်းသစ်နဲ့ ဓါတ်ငွေ့ ရောင်းလို့ရတဲ့ ငွေနဲ့ လိုင်စင်ကရတဲ့ အခွန်တော်ငွေကိုထုတ် ဘုန်းကြီးရုပပေါက်တဲ့ လူတစ်ယောက်ပန်ပန့် ဗုံ သွားဖောက်စေပေါ့..။မာယာပရိယာယ် အသွယ်သွယ်နဲ့ ဘုန်းကြီးယောင်ဆောင် သူလျှိုကောင်ကြောင့် ပန်ပန့်ဗုံ က ထမင်းဇလုံ လွတ်ကျတာလောက်တောင်မကျယ်တော့..။
ရှုံး ပြီ...ပန်ရှုံးပါပြီ ဒွတ်ရယ်..။
ဒါဟိုဘုန်းကြီးကြောင့်..။ဒင်းတို့က ပေလွှာ ပေရွက်မှာ ချဲတွက်(အဲလေ) စာရေးကြတာလေ..။အဲဒီပေပင် မကြီးစေခင်ဘူး ဆိုပြီး ကျိန်စာတိုက်လိုက်တာ..။အဲဒီပေပင် တွေ..နှစ်တောင်အမြင့် ကို ခုထိမတက်တော့ဘူးဆိုပဲ..။
ဗိဿနိုးက တိတ်တခိုး ပြောက်ကွယ် နေတဲ့ ဇာတ်လမ်း...။လွမ်းတော့လွမ်းချင်စရာ..။


No comments:

Post a Comment