Sunday 14 October 2012

ကျွန်တော့်ရဲ့ သဒါးစူး

 "ကျွန်တော့် ရဲ့ သဒါးစူး"
ကျန်းမာရေးဝန်ထမ်း ပေါက်စဘဝက တာဝန်စကျတဲ့ ရွာလေးမှာ...။
ထမင်းကိုယ်တိုင်ချက်စားတယ်..။အမေက သင်ပေးလိုက်တယ်..။ထမင်းချက်နည်း။ ရေလက်တစ်ဆစ်လောက် ဆန်ပေါ်မှာထောက်ပြီး ဒီအတိုင်းတည်ထား ကျက်သွားလိမ့်မယ်တဲ့..။လျှပ်စစ်ကွိုင်ပေါ်ကထမင်းအိုး ကျက်တဲ့အထိ ထိုင်ကြည့်တာပေါ့..။ထမင်းအိုးဝေတော့ ဇွန်းနဲ့ ပြေးမွှေတာလေ...။ဓါတ်လိုက်ခံရတဲ့ ကျွန်တော် မသာပေါ်မလို့ ဖြစ်တာ..ခဏ ၊ခဏ..။
ဆေးခန်းလေးက..ရွာအပြင်က တောင်ကုန်းပေါ်မှာ..အခွံလေး မှောက်ထားတဲ့အတိုင်း..ဝင့်ထည်ခန့်ညား..မသနား
မနားလေးနဲ့..။ဆေးခန်းရဲ့နောက်ကျောဘက် ကပ်ရက်မှာတော့..ကုလားအိမ် နှစ်ဆယ်လောက် အိမ်ဆောက်နေကြတယ်..။
ကျန်းမာရေးဝန်ထမ်းသာဖြစ်တာ..ဆေးက ထိုးဖူးသေးတာဟုတ်ဖူး..။မယုံ မရှိနဲ့...။ရှေ့ကနောင်တော်တွေအားလုံးလည်း ထိုနည်းလည်းကောင်း ဒီလည်းကြောင်းပဲ..။
ဆေးခန်းက တနင်္လာ၊အင်္ဂါ ၊ဗုဒ္ဒဟူး..(၃)ရက်..မပျက်မကွက်ဖွင့်တယ်..။
ဆရာမကနှစ်ယောက်..။ ဆရာနှစ်ယောက်..။
ဆရာမကြီးတစ်ယောက်..ပင်စင်ယူကာနီး..ထဘီ အပြာဝတ်ကြီး..။အင်ဂွန်ဂျာဝါ..နဲ့အမျိုးတော်လားတော့ မသိ..။ဆိုက္ကားစီးရင် ထိုင်ခုံ မဆံ့လို့ အောက်မှာအိတ်ခုစီးရတယ်..။သူထိုင်ပြီးသွားရင်..ဆိုက္ကားဆရာ ငတိ..။ ထိုင်စရာမရှိ။ ဘေးနားလေး က ဆင်းတွန်း..တအွန်းအွန်း နဲ့ပေါ့။ အဲဒီ ဆိုက္ကားဆွဲတဲ့ ငနဲ..အဆင်းအတက် ရုပ်တော်တော်ပျက်တာ..။အတက်ရောက်ရင် ပုဆိုး ပြင်ဝတ် ဖိနပ် ချွတ်ရတာပဲ..။အဆင်းလေး ရှည်ရင်..ဘရိတ်ကို အတင်းညှစ်..စောင်းငန်း..စောင်းငန်း..လေးကိုဖြစ်လို့..။
တကယ်ပြောတာ..အဟုတ်။
ထမင်းစားချိန်များ..သူ့အနားမသွားလေနဲ့..။စားပါဦးလား မမေးဘူး..။မဦးရေ...ထမင်းခူး..ကဲလက်ဆေး..တခါထဲစားလုပ်တာ..။ဟင်းပွဲကလည်း..သီဟပတေ့ နဲ့ နင်လားဟေ့ ...ငါလားဟေ့..ပဲ။
လမ်းလျှောက်တဲ့သွင်ပြင်ကလည်း..အလှူခံက ခြင်းကြားရုပ်ကြီး. ကြွလာတယ်..ထင်ရတယ်..။တကယ်..။ဆေးခန်းကိုလည်း အဲဒီ ပုံအတိုင်းတက်..အပေါ်ရောက်ရင်..လျှာထွက်တော့တာပဲ..။ဆရာမကြီးရဲ့ ခြင်းတောင်းထဲမှာ Baby mild တစ်ဗူးအမြဲဆောင်ထားတယ်..။လမ်းလျှောက်ရင်းပွန်းနေတဲ့ ပေါင်ကြား..ပေါင်ဒါ လူးလူး ထားရတာလေ..။
နောက်တစ်ယောက်က အနီဝတ်ဆရာမ..။အပျိုကြီး..။အေးလိုက်များ..ဆောင်းတွင်းမှာ အဲယားကွန်းလွှတ်ထားသလားအောက်မေ့ရတယ်..။ ပြောလိုက်တဲ့ စကားကလည်း ဟုတ်ကဲ့ နဲ့ အင်း..သူ့ရဲ့မူပိုင်သီချင်း..။အော်..ဟင်..ဆိုတဲ့ အာမေဋိတ်..နဲ့ ခပ်စိပ်စိပ်လေးနေတတ်တယ်..။ဆေးခန်းကိုတော့ဆရာမကြီးနဲ့အတူတူလာတယ်..။
ဆေးခန်းဖွင့်တဲ့နေ့မှာ...
ကျွန်တော်..ပထမဦးဆုံးဆေး စတင်ထိုးပေးရမယ့် သူက..
ဆေးခန်းဖွင့်တိုင်း မပျက်မကွက် လာရောက်ဆေးခန်ဲးပြတယ်ဆိုတဲ့..လူနာ..။ဆေးခန်းနောက်ကြောလေးမှာနေတယ်..။နီးတော့သူအရင်ရောက်တာပေါ့
သူက..ကုလား..။ကုလားဆိုမှ ကုလား..။စကားမနည်းနား ထောင်ရတယ်..။သူ့နာမည်က သဒါးစူးတဲ့..။
တွေ့ပါပြီ..။လူနာဟောင်းနဲ့ ဆရာသစ်။ဘာတွေဖြစ်ခဲ့ကြသလဲ..။
ကုလားက ဆေးခန်းကိုသူ့အိမ်သူ့ရာ လိုသဘောထား..ကားတားကားတား နဲ့ဝင်လာတယ်..။
စားပေါ်ပေါ်မှာ သူ့မှတ်တမ်းစာအုပ်လေးတင်။ အခန်းထဲဝင် မောက်လျှက်အနေအထား နဲ့ ကုတင်ပေါ်မှာ..ဖင်လေးဖော်လို့ပေါ့။
အဲဒီတုန်းက ..ခုလို တခါသုံး ဆေးထိုး ပိုက်တွေ သိပ်မသုံးကြသေးဘူး..။ရေနွေး နဲ့ ပြုတ်..ရှတွတ်၊ရှတွတ် လုပ်ပြီး ဆေးထိုးရတာလေ..။တင်ပါးလေးထဲကို ဗျစ်ကနဲဆိုလို့ကတော့...တစ်ကိုယ်လုံးက အကြောပေါင်းတစ်သန်း ဖလန်းဖလန်း ထသွားမယ်..(အဲဒိတုန်းက ဆေးထိုးခံ ဖူးသူတိုင်း..ဖင်တွေကိုင်းနေအောင်ခံရတာ)။
ကျွန်တော်...ဆေးပုလင်းကို..အပ်တပ်ထားတဲ့ဖန် syringes နဲ့ စုပ်တယ်..။ဆေးပုလင်းဝ နဲ့ အပ် သွင်းမရဘူး..။ဂတပ်ဂတပ်..ဖြစ်နေတယ်..။ပန်ကာရှေ့မှာရပ်နေပေမယ့် တစ်ကိုယ်လုံး ချွေးစေးတွေဖုံး..လက်တွေကလည်း နတ်ဝင်နေတုန်းပဲ..။မှောက်နေတဲ့ကုလား ကျွန်တော့်ကို မျက်စိကစားလိုက်တော့ အခြေနေမှန်ကို သဘောပေါက်သွားတယ်..။သူ့ရဲ့စိုးရိမ်မှု ရေအမှတ်..ငယ်ထိပ်ကပ်သွားပြီး...့နေရာပြင်မလိုလုပ်တော့..။
ဆရာမကြီးရဲ့ကြင်နာဂရုနာသံပါတဲ့ ငြိမ်ငြိမ်နေ..ဆိုတဲ့အသံမာမာကြောင့်ဖြစ်ချင်ရာ ဖြစ်ပါစေတော့ဆိုတဲ့ မျက်နှာငယ်လေးနဲ့ ဟိုဘက်လှည့်သွားတယ်..။ဆရာမကြီးနဲ့ ဆရာမက အားပေးပါတယ်..။ရဲရဲသာလုပ်..ဆိုတာကြောင့်တုန်တုန်ယင်ယင်နဲ့ ဆေးစုပ်ပြီး..ကုတင်ပေါ်က ကုလားအနား..ကပ်သွားတာပေါ့..။ကုလားကြီးသဒါးစူးက ကျွန်တော့်..မော့ကြည့်တယ်..။
မျက်လုံးလေးပေကလပ်ပေကလပ်နဲ့..။သူ့နှုတ်က ဖွင့်မပြောပေမယ့်..ကျွန်တော်ကြားနေရတယ်..။
ကုလားနော်..ဆေးလာထိုးတယ်နော်..ဆရာနော်..နင့်လက်တွေအားကြီးတုန်နေတယ်နော်..ဟုတ်မှလဲလုပ်နော်
ကုလားနော်..ဖင်ချွေးပြန်နေပြီနော်..လို့သူ့မျက်လုံးတွေကပြောနေတယ်..။
ကျွန်တော်လည်း ဆေးထိုးရမယ့်နေရာလေးကိုစမ်း..ဂွမ်းလေးနဲ့ပွတ်..။ထိုးပြီနော်။အပ်ကလေးထောက်မိတော့
ကုလားငေါက်ခနဲထလာတယ်..။ကျွန်တော်လည်းကြောက်ကြောက်လန့်လန့်နဲ့ဝင်ပြီးသားအပ်ဖျားလေး ပြန်ချွတ်ပေး
ပေးလိုက်တယ်..။သဒါးစူးကြီးလည်း..ငါ့ဘဝနဲ့ငါ ရှိပါစေတော့ဆိုတဲ့မျက်နှာပေးနဲ့ပြန်မှောက်သွားတယ်..။
ဘယ်ရမလဲ..ကျွန်တော်လည်း တုန်တုန်ချိချိနဲ့ ပြန်ထိုးတယ်..။ငေါက်ခနဲ မဖြစ်တော့ပေမယ့်တွန့်ခနဲဖြစ်သွား တော့ခုနကလိုပဲ ဝင်ပြီးသွားအပ်ဖျား ချွတ်မိသွားပြန်တယ်..။သံချွန်နဲ့အထိုးခံရတဲ့နွားလို ကုလား ရှုရှုရှားရှား ဖြစ်သွားတယ်..။ကျွန်တော်လည်းချွေးထပ်ပြန်လာတယ်..။အခြေနေမှန်ကို ရိပ်မိသွားတဲ့ဆရာမနှစ်ယောက် ကျွန်တော့နားရောက်လာတယ်..။သဒါးစူးကြီးလည်း သူ့ဝဋ်ကြွေးနဲ့ သူ့မို့ပြန်မှောက်ပေးတယ်..။ဆရာမကြီး ကထပ်ပြောတယ်..။ငြိမ်ငြိမ်နေ။
ဆရာမကြီးက ကုလားကိုခေါင်းဖိတယ်..။ဆရမအပျိုကြီးက ကုလားကို ခြေထောက်ဖိတယ်။ကုလားအော်တယ်..။ကျွန်တော်ထိုးတယ်။ဆရာမနှစ်ယောက်ပြိုင်တူအော်တယ်။
ရဲရဲထိုး..ရဲရဲထိုး။ သဒါးစူးကြီး ထပ်အော်တယ်..။
အဲဒီလိုနဲ့ ကျွန်တော့ရဲ့ ပထမဦးဆုံး ဆေးထိုးခြင်း အတွေ့ အောင်မြင်စွာပြီး ဆုံးခဲ့.တယ်။ပြီးတော့ရေနှစ်ခွက်တင်းတင်းသောက်လိုက်ရတယ်။သဒါးစူးကြီးကိုလည်း တိုက်တယ်။ဟင့်အင်း..ဟင့်အင်း နဲ့ခေါင်းခါ။၊တင်ပါးလေးပွတ်ပြီး..ဆေးပြေးသွားလိုက်တာ..ကျွန်တော့ကိုတော်တော်စိတ်နာသွားပုံရတယ်။လှည့်
တောင်မကြည့်တော့ဘူး။
နောက်များဆိုရင်..သဒါးစူးကြီးဆေးခန်းလာတယ်။ လေကလေးချွန်ပြီးယောင်ပေ ယောင်ပေနဲ့..။
ကျွန်တော့်ကိုမြင်ရင်..ဆေးခန်းထဲကိုမဝင်တော့ဘူး...။ကျွန်တော်လစ်တော့မှ..ဆရာမလေးဆီ ဆေးဝင်ထိုးပြီး
သုတ်ခြေတင်တော့တာ...။
အော်ဖြစ်မှ ..ဖြစ်ရလေ့...သဒါးစူးရယ်..။
ကျွန်တော်လည်းခုနေ့ထိ...ကုလားမြင်တိုင်း
သွေးစို့နေတဲ့..သဒါးစူးရဲ့..ဖင်မဲမဲကြီးမြင်နေတုန်းပါပဲ...။။။

1 comment:

  1. အသားကုန် အော်ရီသွားတယ်.. :P :D

    ReplyDelete