Monday 16 July 2012

                            လယ်တောသူ

       ကျမ က လယ်တောသူလေးပါ....။
miss farmer ဝင်ပြိုင် ၊ ဆုရသွားတဲ့ လယ်တောသူ အယောင်ဆောင် ပေါကြောင်ကြောင် မဟုတ်ဘူးရှင့်။ ကျမက လယ်တောသူ မှလယ်တောသူ အစစ် ။မယုံရင် လာဖြစ်ကြည့်ပါလား။ကျမ ရဲ့လက်ချောင်းလေးတွေကို ပြောတာ ..။တခြားမတွေးနဲ့နော်။ သွား..လူဆိုး၊၊ ကျမ မှာ ရင်နစ်သည်းအူ..ချစ်သူရှိတယ်ရှင့်။ ပြောနေရင်း ဘယ်ရောက်သွားပါလိမ့်။
ကျမရဲ့ လက်ချောင်းလေးတွေ........
ဟုတ်တယ်။ခုမှသေချာကြည့်မိတယ်။ ပျိုးဖန်(ညာလက်မှပျိုးပင် အဆင်သင့်ယူစိုက်ဖို့ ဘယ်လက်ထဲမှ ပျိုးပင်ကို ၄င်းလက်မှ လက်ညှိုး၊လက်မ၊လက်ခလယ် တို့နှင့်ဖျင်ပေးခွဲထုတ်ခြင်း၊၊ ကိုယ့်ခေါင်းကဆံပင်မွေးကို ဆွဲစုပြီး စိတ်ရှည်လက်ရှည် မတတ်မချင်း ဦးရေပြား စပ်ဖျင်းဖျင်း ဖြစ်တဲ့ အထိ လက်တွေ့ လုပ်ကြည့်ပါ။)  တဲ့လက်က..သွေးစိမ်းရှင်ရှင်ထွက် လက်ဟက်တက်ကွဲ..ခုတော့ အသားမာလေးတွေ စွဲလို့ပေါ့ရှင်..။
ပျိုးပင်စိုက်တဲ့ကျမရဲ့ညာလက်..။လက်စွယ်ကငုတ် လက်သည်းတခြမ်းပုတ်လို့ ပြီးခဲ့တဲ့ရက်ကမှ ပြည်နံ့ကင်းသွားတာ ..ခု..ညှီ နံ့သင်းသင်းလေး တောင်ရှိသေး။ရော့နမ်းကြည့်ပါလား..။ဟင့်။
ခါးညောင်းလို့ လက်ဖျံနဲ့ထောက် ပေါင်လယ်လောက်မှာ အညိုအမဲ က စွဲတဲတဲ ဖြစ်နေတာ..။ကြည့်မလား လှန်ပြမယ်။နှာခေါင်းမရှုံ့ပါနဲ့ လက်ကာခြေကာမလုပ်ပါနဲ့။ကျမက စတာပါ။တချို့မင်းသမီးတွေလို အရှက်နဲ ဟက်တက်ခွဲမပြပါဘူး။(ထမီတို့စကတ်တို့ပြောတာ)ကျမက အရှက်ကြီးတဲ့ချက်ကြီးသမီးပါ။
ခြေသလုံးသားပေါ်လို့ တချို့ရသေ့တွေ ဈာန်လျှောတော်မူတယ်ဆိုတာ ဘယ်လို ခြေထောက်မျိုးပါလိမ့် ။သိချင်လိုက်တာရှင်..။ကျမခြေသလုံးတွေကတော့ ..ရွှံ့နဲ့ နပန်းလုံး တမန်းဆီတွေဖုံးလို့အမွှေးငုတ်တုတ်နဲ့ အိုးမဲသုတ် ထားသလိုဖြစ်နေတာ။
မိုးဟေကိုလိမ်းတဲ့ လိုးရှင်းမျိုး လည်းလိမ်းနိုင်ပေါင်။
ကောက်စိုက်သိမ်းလို့ ညနေ အိမ်ရောက်ရင်..မဲပြောင်နေတဲ့ခြေချောင်းရေလောင်း။သံပုရာရေစွတ် မန်ကျီးရွက်နဲ့ပွတ်တာပေါ့ရှင်။
ကျမရဲ့ တနေ့တာလား..။မနက် လေးနာရီသာသာလောက်အိပ်ရာထတယ်..။မင်းသမီးတွေလို လူကြားကောင်းအောင် ဘုရားရှိခိုး တရားထိုင်လုပ်တယ်လို့ ဘယ်တော့မှလိမ်မပြောဘူး။ လယ်ထဲကို ယူဖို့ရိက္ခာ စိတ်ပါလက်ပါ ထည့်ရတာပေါ့။အရင်တုန်းက လယ်ကြီးရှင်တွေ ဘောင်ကန်သင်း ဗန်းခင်းကျွေးတယ်။ကန်ဇွန်းရွက်ရေလုံပြုတ်လေး ဟင်းလုပ်ကျွေးသေးတယ်။ခုတော့နှစ်တွေကြာညောင်းစနစ်တွပြောင်းပြီး အစားမကျွေး စားရိတ်လွတ်ဈေး ပေးတယ်လေ။
မျက်နှာသစ်တယ်လေ..။
ဒီအတိုင်းရေနဲ့ခပ်ကြမ်းကြမ်းလေးပွတ် မျက်ချေးပြလွတ်ခနဲထွက်သွား ပြီးတာပဲ မဟုတ်လား။
သွားလည်းတိုက်တာပေါ့။လူများတောသူမှတ်လို့။အဲဒါမှ ..ကျွန်မကိုချစ်ရင် မောင်ကြီးရယ်..အာဘွား ပါလား လုပ်ရဲမှာပေါ့။
သနပ်ခါးလား..။ပါးရှိနေသရွေ့ သနပ်ခါး ဘယ်မေ့လို့ ဖြစ်ပါ့မလဲ။ကျမက အတုံးမှကြိုက်တာ။ အပွေးကုန်လို့ အနှစ်ကိုသွေးနေတာ..ကျောက်ပြင်သေးသေးလေး ခွက်ခွက်လေး ဖြစ်နေပြီ။
အင်္ကျီလက်ရှည်လေးတော့ ဝတ်ဦးမှပေါ့။ကောက်စိုက်ခါနီး မြို့မှာဗေထုပ်သွားရွေးထားတာလေ။ကျောကုန်းနဲ့ဂုတ်နေရာတွေက ဖြူပီး ပေါက်တော့မယ်။ပြန်မချုပ်တော့ပါဘူး လယ်ပီးရင် လက်နှီးစုတ် လုပ်လိုက်တော့မယ်။
ဒီခမောက်က ၂နှစ်ရှိပြီ။ကျမဝယ်တုန်းက ဈေးမှာ လေးရာပေးရတယ်။ခမောက်အောက်ကခေါင်းပေါင်း ခပ်စောင်းစောင်းလေး ပေါင်းမှ။မွန်းတည့်မှ ပြန်လှည့်မယ်။
ကောက်စိုက်ရင်းဝတ်နေတဲ့ လုံချည်အစုတ် မကြာခင် ခြေသုတ် လုပ်ရတော့မယ်။နှုတ်ခမ်းနားကရိ အထက်ဆင်တောင် မရှိတော့ဘူး။ဖားဥတွေကစွဲ ကျမ အတွင်းခံ အင်္ကျီမဲမဲလေး.....။အဲဒီအကြောင်းတော့ ကျမ မပြောတော့ဘူးနော် ပစ်သတ်ကြီး။
လုံချည်ပြင်ဝတ်ရ သက်သာအောင် ကျမ ခါးမှာကြိုးလေးဆောင်ထားရတယ်။ အဖေ့ပုဆိုးအောက်နားကိုစုတ် ပေါင်းညောင်ပတ် လုပ်ထားတဲ့ဟာလေ။
ငါးနာရီတောင်ထိုးတော့မယ်။ ထမင်းကြမ်းနဲ့ ငါးပိဖုတ် ခပ်သုတ်သုတ်လေး စားလိုက်ဦးမယ်။(လာ..စားပါဦးလား)
ဟော...ဟိုကောင်မတွေ အိမ်ရှေ့ကခေါ်နေပြီ။
“လာပြီဟေ့.....လာပြီ”....။

Friday 13 July 2012

ခေတ်သစ်စူဇကာ

                                                    ခေတ်သစ် စူဇကာ
          သုံးလောကထွဋ်တင် ဘုရားရှင် မဖြစ်ခင်က ဝေသန္တရာ ဇာတ်ရုပ်နဲ့ အလှူ့ဒကာလုပ်ခဲ့တယ်..။
ဒါနအထုပ် စူနာမီ လုပ်လို့ပေါ့။ သမီး နဲ့ သားအလှူခံသွားတဲ့ စူဇကာပုဏ်ဏား ။ လှူသမျှ အကုန်ယူ ကျွေးသမျှ အကုန် ဝါး ပုဏ်ဏားဟေ့...ပုဏ်ဏား လို့ ပြောရ အောချရလောက်တယ်။ ပုဏ်ဏားမျိုးနွယ် သိလွယ်မြင်လွယ်စေဖို့ သူတို့ဘာသာ ဒီဇိုင်းထုတ် ယူနီဖောင်းချုပ်ခဲ့ကြတယ်။
           ပေလွှာပေရွက် မှ ကျောက်သင်ပုန်း ..ခုခေတ် ကွန်ပြူတာ အင်တာနက်တွေသုံးနေကြပြီ...။
ထွေလီကာလီစုံကာစီတဲ့ ခေတ်၊စနစ်(ကောင်းမကောင်းတော့မသိ)တွေရဲ့ကြားထဲ ပုဏ်ဏားတွေရဲ့ ယူနီဖောင်း ရောင်စုံတွေပြောင်းကုန်ကြရောပေါ့..။
            အစားနဲ့ မယားလောက် ပဲ မက်တဲ့ စူဇကာတို့ လောဘတွေတက်ကုန်လောက်ရောပေါ့။ အလှူ့ဒကာမြင်တိုင်း လက်ညှိုးနဲ့ လက်မလေးတွေလည်း ဝိုင်းပြတတ်နေရောပေါ့။(ဟိုကြော်ငြာထဲကလို ဘာလဲမသိ)။ လောဘမောဟတွေကင်းရှင်း မျက်နှာထားတင်းတင်းနဲ့ “အေးထားခဲ့” လို့လည်း ချိုချိုသာသာလေး ပြောတတ်နေလောက်ပြီပေါ့။ဂိုတောင်တွေဘာတွေဆောက် ရသလောက်ကလေးနဲ့လည်းတင်းတိမ်ကျေနပ် နေတတ်လောက်ရောပေါ့။လူမြင်ကွင်းထဲ သီလမြဲ   ကျောင်းဆောက်ဘုရားတည် အလှူ့ဒကာရယ်လို့ ဆိုင်းဘုတ်ကြီး ဟီး နေရောပေါ့။
အရင်တုန်းက အဝတ်မရှိတဲ့ ပခုံးထက် ခုတော့...အပွင့်အခက် ( အဲ..ယောင်လို့) အဝတ်မရှိတဲ့ ပခုံး ယောဂီ တဘက်လေးတွေ ဖုံးလို့ပေါ့။ပါမစ်မျိုးစုံ အလှူပေးတဲ့ စိန်သူဋ္ဌေး လေးတွေ အိမ်သေးသေးလေးတွေလည်း ပြည့်နေရောပေါ့။
ဘုန်းကြီးတွေအနား နံပါတ်တုတ်နဲ့ မသွားပဲ ဖောင်း(foul) ဖောင်း(foul) လေးတွေချထား ၊လက်အုပ်ချီ ရှိခိုး အသိတရားတွေလည်း တိုးရောပေါ့။
ပုဏ်ဏားသေးသေး စူဇကာလေးတွေကလည်း ကျူရှင်တွေဘာတွေ ပေးနေရောပေါ့ (လျှာပေါ်မြက်ပေါက် ငတ်မှာကြောက်တာကိုး)။လူမမာရင်ဘတ် နားကြပ်နဲ့ ကပ်ပြီး ဧည့်ခန်းက စားပွဲပြင် စာအိတ်လေး တွေလည်း တင်လို့ပေါ့။သစ္စာကတိ ဖောက်သည်တွေနဲ့ ညှိပြီး အမှုဂဏန်း အတွက် အဖမ်း ထွက်နေကြရောပေါ့။ဟိုခြစ်ဒီခြစ်နဲ့ ဘောပင်တစ်ချောင်း ထောင်သောင်းနဲ့ ရောင်းနေရောပေါ့။ ပုဒ်ထီးပုဒ်မ စာအုပ်ထဲက မရမကချပြီး ပုံးနဲ့ လူကိုလွှတ်  ပုလင်းနဲ့ လူကိုဖမ်း ခေါင်းပေါင်းစလေးတွေရမ်းနေတတ်ရောပေါ့။ဘမျိုးဘိုးတူ နှုတ်ခမ်းမွှေး ထူတဲ့လူတွေ အဝင်အထွက် ပုံး နဲ့ ပက်ခဲ့တာကြောင့် ရိုဟင်ဇာတ်လမ်း ခပ်ကြမ်းကြမ်းလေးတွေလည်း ရေးတတ်နေရောပေါ့။တောင်ထဲကကျောက် ၊ပင်လယ်ထဲက အငွေ့ ဒေါ်လာစေ့ နဲ့လဲစားတတ်တဲ့ ပညာတွေရေရေလည်လည်တတ်နေရောပေါ့။
အသိမကြွယ် သေးတဲ့ မိငယ်ရေ အတွေးနယ်ထဲက ထွက်ခဲ့ပါတော့။
စူဇကာလက်သစ်တွအတွက် ဗလာကျည်နဲ့ စစ်ကြေညာနေတာ..သူတို့ရီချင်ရီကြပါစေတော့။
လူတိုင်းသိတဲ့ ဇာတ်ထုတ် သွားမရှုတ်နဲ့ ဖမ်းချုပ်ခံနေရမယ်။
ခု....ဒီမိုကရေစီ ရနေပါပြီ......ဟ။

Thursday 12 July 2012

ဘာမထီတဲ့ ..ဇာနည်ဘွား
ဆယ့်ကိုးဇူလိုင်..မျက်ရည်ခိုင်ခိုင်ထား...
နပိုလီယံ နဲ့.ဟစ်တလာ့..သွေး..နီတယ်..မဟုတ်.လား
(လာခဲ့..ယှဉ်လှည့်)..ဒို့..ဗိုလ်ချုပ်သွေး
ရေ..ကိုးဆ..ရောထား
ယှဉ်ရဲ..လား...။
မြန်မာပြည်ဖွား..ကွ..။

Tuesday 10 July 2012

ကာကွယ်ဆေးထိုးသွားစဉ်





ရေ.....ကြည် (ကြေ)

ရေ.....ကြည် (ကြေ)

သူငယ်တန်းတုန်းကပေါ့..။
ကျောင်းမှာ ရှူရှူးပေါက်ချင်ရင် လက်ညှိုးတစ်ချောင်းထောင်ရတယ်။ သတ္တိရှင် ဗန္ဒုလမျိုးရိုးက လက်ညှိုးလေးတောင်မထောင်ရဲလို့ ဘောင်းဘီထဲ သေးစိမ်းရှင်ရှင်ထွက်ကျပြီး အာဗြဲချက်လန်ငိုခဲ့ရဖူးတယ်။သေးထွက်ကျလောက်အောင်ကို အကြောက်ကြီးခဲ့တာ။ ဆရာမကလည်း လက်ထောင်တဲ့ သူတိုင်းကို ဝမ်းခေါင်းသံကြီးနဲ့ အင်း..အင်း..တဲ့။ အဲဒီ အင်း ကြီးကိုပဲ ကြောက်တာ။
ဘုရားရှိခိုးထဲမှာ ကြားဖူးလား။ အတန်းကြီးတွေက ရှေ့ကနေ သံရှည်လေးဆွဲပြီးတိုင်ပေး၊နောက်ကနေ အာခေါင်ခြစ်ပြီး လိုက်ဆိုရတာလေ။
တစ်ကြိမ်၊နှစ်ကြိမ် ဆိုတာကို ရေ..ကြည်(ကြေ) လို့ ကြားပြီး အဲဒီ အတိုင်းလိုက်ဆိုခဲ့တာ အမြှုပ်ကို ထွက်ရော..ပဲ။ တကယ်..။
အဲဒိနှစ်မှာပဲ အရေးခင်းဆိုလားဘာဆိုလား ဖြစ်ပြီး ကျောင်းပိတ်သွားတာပျော်လိုက်တဲ့ဖြစ်ခြင်း။
(ရေကြေ မလုပ်ရတော့လို့လေ။အဲဒီအချိန်တုန်းက ရေတွေတကယ်မကြေ ခဲ့ကြပါဘူး...တဲ့။)
နောက်ကျောင်းပြန်တက်ရတော့လည်း ထပ်ပိတ် ဦးမလားလို့ မျှော်လိုက်ရတာ ..အမော။
အလုပ်ထဲရောက်တော့..
တခါတလေ မရဲတရဲလေး လက်ညှိုးထောင်ကြည့် မိတယ်။
အင်း...အင်း...တဲ့။ ကြောက်လိုက်တာ...။
တခါတလေ လက်ညှိုးတို့ လက်ခလယ်တို့ မထောင်ရဲတဲ့ အခါ ..
ဘီယာအသောက်များရင်း Toilet ထဲ သေးစိမ်းတွေခဏခဏ ထွက်ကျဖြစ်သေးတယ်။
ငယ်ငယ်က အကျင့်ဆိုးက တယ်..ဖျောက်မရ..။
လွန်ခဲ့တဲ့ တစ်နှစ်ကျော်က..
ရွာကဘုန်းကြီးကျောင်းကို ရန်ကုန်ကလူတွေ အလှူလာလုပ်တယ်။ရန်ကုန်ကလူတွေဆိုတော့လည်း ဘောင်းဘီအတိုတွေ၊အရှည်တွေနဲ့ ရွ လို့။
ရွာကလူတွေမျက်စိနောက်ပေမယ့်လည်း အလှူရှင်တွဆိုတော့ မပြောရဲဘူး။ အလှူ့အမတွေကလည်း မျက်နှာထိမျက်နှာထားနဲ့ ဟိုလူ့ လက်ညှိုးထိုးခိုင်း ဒီလူ့လက်ညှိုးထိုးခိုင်းနဲ့။)
အလှူမှာ တရားနာခါနီးတော့ အကုန်လုံးပုဆိုးတွေပြောင်းဝတ်ကြတာများ ရွစိကို ထိုးလို့။ ဘောင်းဘီနဲ့ ထိုင်ရင် ဘောင်းဘီ ဖင်ကျွတ်ဖြစ်တယ်။ပြီးရင် အဓိက က ကြာကြာထိုင်လို့ အဆင်မြေ့ပဘူး။ အဲဒါကြောင့် ပုဆိုးပြောင်းဝတ်ကြတာ..။ဘုရားကန်တော့တဲ့ အခါကြတော့လည်း အလှူရှင်တွေဆိုတော့ သံရှည်လေးတွေဆွဲပြီး ကျယ်ကျယ်လေးဆိုကြတယ်။
ဒါပေမယ့် ကျွန်တော့်နားထဲမှတော့ ...ရေ...ကြည်(ကြေ) ဆိုတဲ့ အသံတွေ ကြားတုန်းပဲ။
ခုလည်း သံပြိုင်အော်သံတွေကြားမိရင် ရေ....ကြည်(ကြေ) များဖြစ်နေမလားလို့ နားစွင့်နေရတုန်းပါပဲ။
အမှန်တော့ တစ်ကြိမ်..နှစ်ကြိမ်..သုံးကြိမ်..ဟာကို..ဟာပဲ။

လယ်သမား အီချင်း

လယ်သမား အီချင်း

မိုးဦးကျလျှင်...ထွန်တုံးပြင်..စိုက်ရန် စောင့်နေပါ..။
နွားပိန်တစ်ရှဉ်း...ခုချက်ခြင်း...နွားပေး ယူလိုက်ပါ..။
အရောင်းလွန်သွား...မျိုးစပါး...အကြွေး ဝယ်လိုက်ပါ..။
ထယ်သွားကကျိုး...နွားကရိယာဖိုး.. နားတောင်းပေါင်ပြီး ဝယ်လိုက်ပါ..။
မိုးတွင်းအခါ...စားစရာ...ဘဏ်ငွေထုတ်ပေး ယူလိုက်ပါ..။
မိုးနှောင်းရောက်လျှင်...အကြွေးရှင်...တောင်းရန် စောင့်နေပါ..။
လယ်သမားဖင်...ရွှံ့တစ်ပိဿာဝင်...စပါးဈေးက တက်လမ်း မမြင်..။
လယ်သမားခြေထောက်...ပိုးထိုးပေါက်...မတ်ပဲဈေးကဖောက်..။
ရှေ့မှာ ဆက်လျှောက်...ချောက်.....................
(ငုံ့ကြည့်ဦးမှပဲ)
အား........................................................
(ချောက်ထဲမှာ လယ်သမားတွေ၊ စာရင်းငှားတွေ ၊ကောက်စိုက်သမားတွေ.....
...တွေ..............တွေ..........တွေ.။.။.။.။.။)
ကြိုးရှည်တစ်ချောင်း...အမြန်တောင်း...အားလုံး ကယ်ကြပါ..

မတတ်သာလို့ပါ

မတတ်သာလို့ပါ


ဗိုလ်အောင်ဒင်လို လက်ရင်းလက်ငုပ်
ဓါးပြလုပ်မစားပါဘူး....။
ငတက်ပြား အမျိုးလို
(ကြီးကြီးမားမား) မခိုးပါဘူး....။
လစာမလောက်..ဘေးပေါက်မဝင်
သည်ဖြစ်အင်..ကြောင့်
အချိန်ခိုးစား သေသော်ငြား
အပယ်အိုးထဲ ဂျိုးနဲ့ကပ်ရဲ (အဲလေ)
ဂျိုးကပ်ရဲပါတယ်။...။

မြန်မာသိကြား

မြန်မာသိကြား
သိကြားမင်း၏ မန္တုကပ္မလာမြကျောက်ဖျာသည် လွှတ်တော်ထဲမှ တချို့တချို့သော လူကြီးများ၏ မျက်ခွက်(အဲ)မျက်နှာကဲ့သို့ ခုရက်အတွင်း တော်တော်တင်းလျှက်ရှိ၏ ။ထို့ကြောင့် ထိုင်ရတာ အဆင်မပြေလို့လား၊ လူ့ပြည်အကြောင်း သိချင်လို့လား မသိ ..။မာတလိ ကို ဘုကြည့်ကြည့်ပြီး....“မာတလိ ရေ...အေ့...”သင်္ကြန်တုန်းက အရှိန် မပြေသေးဟန် နဲ့ မာတလိကို စားပွဲထိုးခေါ် ခေါ်လိုက်၏။ မာတလိလည်း သင်္ကြန်မှာ သိကြားမင်း record လုပ်ထားတဲ့ မင်းသမီး ပုံတွေကို ကြည့်နေရင်းက “ဘာလဲ” ဆိုတဲ့ သဘေနဲ့ မေးငေါ့ ပြ၏ ။ ဘိုးတော်သိကြားက အေသင်ချိုဆွေလို “တင်းတယ်..တင်းတယ်...တင်းတယ်..တင်းတယ်..ဟေ့”လို့ ထအော်တော့မှ မာတလိ အထာ ပေါက်ပြီး လူ့ပြည်ကို မျက်စိမှိတ်ပြီးကြည့်တော်မူလိုက်တယ်။
“အလို ...မြန်မာပြည်သားတွေ ဖယောင်းတိုင်ထွန်းတမ်း ကစားနေကြပါလား”။ သိကြားမင်းလည်း “ဟဲ့မာတလိ ၊ သေချာကြည့် နော်” ဆိုတော့မှ
“ဘိုးတော်သိကြား ..မြန်မာပြည်မှာ နေ့စဉ်ရက်ဆက် ၊ မီးတွေပျက်လို့ ၊ဖယောင်းတိုင် မီးပူဇော် ၊ဆန္ဒ ဖော်နေကြပါတယ်ဘုရား”။
“ဟေ.....အော်..အေး။အေး..။” “အရင်လိုပါပဲ......အရင်လိုဒိအတိုင်း.......”သီချင်းလေး တိုးတိုးညည်းရင်း ခေါင်းတစောင်းစောင်း၊လည်တခါခါ လုပ်နေတဲ့သိကြားကို မာတလိမြင်တော့တချို့အမတ်တွေလို မာကျောကျောလေသံနဲ့“230 ကေဗီ ရွှေလီဓါတ် အား သောင်းကျန်းသူများ မိုင်းခွဲသွားလို့ပါဘုရား” တဲ့။ သိကြားကတော့ “ဟေ...အော်..အေး..အေး။”
“မိန်းမသားလေးမို့ကြိတ်ခံစားပါတယ်....”မခိုင်ကြီး သီချင်းကို သဲ့သဲ့လေးဆိုရင်းက “ညာနေတာတွေသိရဲ့သားနဲ့ကွယ်...” ဆိုတဲ့စာသားရောက်တော့မှ ကျောက်ဖျာကြီးကို တဘုန်းဘုန်းထုပြီး အားမာန်အပြည့်နဲ့သီဆိုလိုက်၏။ မာတလိ လည်းအခြေနေကြည့်ပြီးတော့မှ...“ရထားပို့ဆောင်ရေး အစည်းဝေးမှာ ပြည်ထဲမှာ မီတာထိန်းသိမ်းခ တစ်ထောင်စုတဲ့ ပြည်တစ်ထောင်စုဝန်ကြီး ကတော့ ပြည်တွင်းမှာ မဂ္ဂါဝပ် ၁၅၀၀ ပေးတာတောင် ကုန်အောင်မသုံးနိုင်လို့ ပိုတဲ့ဓါတ်အား ရောင်းစားလိုက်တာလား မသိပါ ဘုရား....။” ဆိုတော့...
တစုံတခုကို သတိရသွားဟန်ဖြင့် သိကြားမင်း၏မျက်နှာသည် မီးလောင်ခံရပြီး မီးသတ်ကား ရောက်တာနောက်ကျသွားသောအိမ်ရှင်၏မျက်နှာကဲ့သို့ ညှိုးငယ်သွားရှာလေသည်။
သုဇာတာဗျိုင်းမကို ငါးပါးသီလ စောင့်ခိုင်းမိလို့ အနိစ္စသဘောနဲ့ ကိစ္စချောခဲ့တာလေ...။ ဟိုဗျိုင်းမက သူ့မယား ။ပြီးတော့ ..တိရစ္ဆာန်...။
ခုဟာက..လူတွေကိစ္စ..။
ဗျိုင်းမွေးလောက်မှ မဖြူကဲ့ လူတွေ...။
“မေ့အပြစ်နဲ့ မေသာ ရှိပါစေတော့ မောင်ရေ.....” မာမာအေး သီချင်းလေးဆိုရင်း ကျောက်ဖျာထက်မှ ထ ..တိမ်တလင်း မှာပဲကျောချပြီး “ကဲ ..မာတလိရေ..ငါ့ကျောက်ဖျာလေး အေး သွားအောင်..ရေလေးသာလောင်းလိုက်ပါကွာ...” ။
“မှန်လှပါ အရှင်သိကြား ..ကျွန်တော်တို့ မြန်မာသိကြားပြည်မှာ ...မီးပျက်လို့ ရေမလာ......“
“တော်.တန်.တိတ်..။ မီးမှိတ် ..ငါအိပ် တော့မယ်။”
“သင့်မြတ်လှကြောင်းပါ...၊၊ခုထွန်းထားတာကလည်း အင်ဗာတာ ပါဘုရား....ဟား...ဟာ..ဟား...ဟ.ဟာ”......လို့ ။နတ်သံနှောကာ ပြောလိုက်ချင်တော့တယ်...။တဲ့။
ချစ်သူ
အနှစ်မပါတဲ့ အချစ်ကဗျာဆိုရင်လည်း ဘယ်စစ်မှာမှ တရားတယ်လို့ မရှိပါဘူး။ ....။
သစ်စာရင်းကွာလို့ ရန်စ.. ပြန်ချ..ကျွန်ဘဝ ကျခဲ့ရတဲ့ မြန်မာပြည်ကို..ဘုံဘေဘားမားကုcompanney လို မင်းရီချင် ရီလိုက်ပါ။
ခဏရပ်ဆိုင်းခံရတဲ့..မြစ်ဆုံလို ကိုယ့် ဘဝက နိမ့်တုံမြင့်တုံ ပါပဲ။
မင်းအချစ်ကို ကားဈေးလိုထားပေမယ့်...ကိုယ့်ဘဝက စပါးဈေးကျနေရသူပါ။..။
အဲဒီအတွက် ကိုယ်ရဲ့ ရင်နှစ်ခြမ်း ..ဖဆပလ လို ဗျန်းခနဲ ကွဲရင်ကွဲပါစေတော့။
ဗိမ္မသာရလိုအချစ်မျိုး ..အဖြစ်ဆိုးနဲ့ တွေ့ခဲ့ရရင်လည်းခူနာပြည်ထုပ်..ကုန်အောင်စုပ်လို့..တယောက်တဝက်လျှာနဲ့လျက်ကြတာပေါ့။
လူကြီးတွေသဘောမတူကြရင်လည်း..မင်းနဲ့ တို့ရဲ့ အဖြစ်က..ရဲစခန်းနဲ့ ချဲဂဏန်းလို..ဘယ်တော့မှခွဲလို့ရမှာမဟုတ်ပါဘူး..။
ခိုးထုတ်ခံထားရတဲ့ ကျွန်းသစ်တွေလို...ဖြောင့်ဆင်းတဲ့ကေသာနဲ့ မေခလာလို..အော်လိုက်စမ်းပါ။
“အား”....လို့။
မှိုင်းညိုဝေသီနေတဲ့ ညရဲ့ကောင်းကင်မှာ..
မှိန်ပျော့ဖျော့ လင်းနေတဲ့ အလင်းရောင်လေးတစ်ခုဟာ..
ဘဝတစ်ခုစီတိုင်းရဲ့ အားမာန်လေးတစ်ခုသာဆိုရင်...
ကြယ်လေးတစ်စင်း...တစ်စင်း.....တစ်စင်း......
ဟယ်...ဟုတ်ဖူး....ဂြိုလ်တုလေးဟ။
ဖြစ်တည်ခွင့်ရတဲ့ဘဝတစ်ခုမှာ...
ယောက်ျား.မိန်းမဆိုတဲ့ ပညတ်ချက်တွေကြားထဲ...
ကလေးတစ်ယောက်ရဲ့ ဘဝ.အစ ဟာ..
ရှေ့မှာ အောက်ပိုင်းဗလာနဲ့ မတ်တပ်ရပ်ခါစ..
မိန်းကလေးတစ်ယောက်...တစ်ယောက်.....တစ်ယောက်....
ဟယ်.....ဟုတ်ဖူး...ရွှေပန်းလေးနဲ့ ..ဟ။
ကုန်လွန်ခဲ့ရတဲ့ ရာသီစက်ဝန်းတွေက..
သောက်လက်စ..ဆေးလိပ်တစ်လိပ်ပါ။
လောင်မြိုက်ခံရတဲ့ ပြာတွေကို..
အညွန့်မချိုးပဲ..တည့်မတ်စွာထောင်ကြည့်ရင်းနဲ့...နဲ့...
ဟဲ့..သောက်ပလုတ်တုပ်..
မျက်နှာပေါ် ပြာညွန့်ကျိုးကြတယ်။
အဲဒီလို..အဖြစ်အပျက်တွေကြောင့်....
အရွယ်လွန်နေတဲ့ အဖွားအို..တစ်ယေက်
ငယ်ဘဝ အပျိုဘော်ဝင်ချိန်က...ရှူရှူးပေါက်တဲ့ ပြင်းအားမျိုးကိုတော့...
ုခုချိန်မှာ..ဘယ်ဲပြန်ရနိုင်ပါတော့မလဲ..။
လောကဓံရဲ့ အထုအထောင်းတွေနဲ့ ဖုဖောင်းခဲ့ရတဲ့
ဗလတစ်စုံကို...လမ်းကြုံတဲ့ လူတိုင်းကို ညှစ်ပြလိုက်မယ်..
“အစ်......အစ်....အစ်...” လို့။

ဖယောင်းတိုင်တမ်းချင်း

  ဖယောင်းတိုင်တမ်းချင်း
 
စာကျက်မယ်ကြံ၊ စာအုပ်လှန်
မှောက်လျက်အိပ်ပျော်၊ စာအုပ်ပေါ်
ရှဲ ကနဲ မီးလောင်၊ ထိပ်မွေးပြောင်
ခေါင်းကိုနမ်းကြည့်၊ ညှော်ငြိငြိ။  ။

ကျန်းမာရေးသတင်း

 ကျန်းမာရေးသတင်း

(၁) အသီးအရွက်၊ ချီးထွက်တဲ့အထိ စားပါ။
(၂) ဆား သုံးမယ်ဆိုရင် ၊ နှပ်ဖေးတုံးလောက်ကို ဖျောက်တောက် ဖျောက်တောက်ပဲ ထည့်ပါ။
(၃) အသားနဲ့ငါး ၊ ဈေးမများရင် အကြွေးဝယ်စားပါ ။ (ဈေးမသွားပါနဲ့) 
(၄) ဈေးကွက်ထဲကစားအုန်းဆီပုလင်း၊ ရေနဲ့ကျင်းပြီး ၊ ရေပေါ်ကဆီ တစ်စက် ၊ တစ်လလောက်ချက်ပါ။
(၅) ဘူးထဲမှာ၊ အချိုမှုန့်အစား စိန်ထည့်ထားပါ။ လျှာကိုသနား၊ သင်စားမယ်ဆိုရင် ၊ နားဖာချေးမှုန့်ခန့် နှံ့နှံ့ဖြူးစားပါ။ 
(၆) ခန္ဒကိုယ်အတွက် ရေသောက်၊ PH လောက်ကိုဆိုလဲ ၊ ကျွဲသောက် နွားသောက် သောက်ပါ။ 


ကျန်းမာ ချမ်းသာရေး ဝန်ကြီးဌာန